Connect with us

Hi, what are you looking for?

သတင်း

မိုင်းရယ်တွင်တရုတ်နိုင်ငံသားပညာရှင်ရှိနေသည့် သကြားစက်ရုံကိုစစ်ကောင်စီ ဗုံးကြဲ

ပြည်သူအချို့​သေဆုံး၊ ဒဏ်ရာရ

စစ်​ကောင်စီဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

လူအေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် တရုတ်နိုင်ငံသားပညာရှင်များရှိနေသည့် သကြားစက်ရုံကို စစ်ကောင်စီကအောက်တိုဘာလ၉ရက် နံနက်ပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ အချို့​သေဆုံးဒဏ်ရာရှိခဲ့ကြောင်း ​ဒေသခံများကပြောသည်။

မိုင်းရယ်မြို့နယ်၊ ရှန်တောရွာရှိ သံတော်ဦးသကြားစက်ရုံကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း ၂ နာရီ ၂၀ မိနစ်တွင်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

၎င်းက ” သကြားစက်ရုံ ဝန်ထမ်းလိုင်းခန်းကို ညကပေါင်၂၀၀ ဗုံးလေးလုံးချပါတယ်။ တရုတ်ပညာရှင်တွေနေတဲ့အဆောင်ကိုပစ်တာပါ” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် အသက် ၂၀ အရွယ်စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။ တရုတ်နိုင်ငံသားပညာရှင်များ ထိခိုက်မှုရှိ၊မရှိကို မသိရသေးပေ။

“ဘာစစ်ရေးပြစ်မှတ်မှမရှိဘဲ အရပ်သားနေထိုင်ရာ လုပ်ငန်းခွင်ကို လေယာဥ်နဲ့ပစ်တာပါ” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အခြားဒေသခံတစ်ဦးကမူ စစ်ကောင်စီ၏လေကြောင်းမှဗုံးကြဲမှုကြောင့် စက်ရုံအလုပ်သမားနှစ်ဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ လက်ဖက်စက်ရုံ၊ သကြားစက်ရုံများ၌ တရုတ်နိုင်ငံသားပညာရှင်များ ရှိနေပြီး စစ်ကောင်စီသည် အဆိုပါအခြေအနေကိုသိလျက် လေကြောင်းမှာဗုံးကြဲတိုက်ခိုက်ခြင်းဟု လုပ်ငန်းရှင်တဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လက လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုလည်း သိမ်းယူခဲ့ရာ စစ်ကောင်စီက ရမခဌာနချုပ်ကို မိုင်းရယ်ဗျူဟာ၌ နေရာချခဲ့သည်။ စစ်ကောင်စီက မိုင်းရယ်ဗျူဟာကို ခြေကုတ်ယူကာ လားရှိုးကိုပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေပြီးရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ပင်လုံ-လွိုင်လင်-လဲချား-ကျေးသီး-မိုင်းရယ်လမ်းနှင့် ကျေးသီး-မိုင်းကိုင်-နမ့်လန်-မိုင်းရယ်လမ်းတို့ကို သုံး၍ ကားများဖြင့် မြေပြင်အင်အား တိုးချဲ့နေသည်ဟု ရှမ်းပြည်မြောက်ပိုင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

မိုင်းရယ်မြို့၌ MNDAA နှင့် စစ်ကောင်စီ တင်းမာနေပြီး စစ်ရေးပြင်ဆင်မှုများရှိနေသည်ဟု ဒေသခံများကပြောသည်။

လားရှိုးမြို့အပါအဝင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို သင့်​တော်သလိုတုံ့ပြန်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ကြုံးဝါးထားသည်။ ထို့နောက် လားရှိုးမြို့အပါအဝင် ၎င်းတို့လက်လွှတ်ထားရသည့် မြို့များကိုလေကြောင်းမှ တိုက်ခိုက်နေသည်။အထူးသဖြင့် လားရှိုးမြို့ကိုလေကြောင်းမှ မကြာခဏတိုက်ခိုက်နေသလို မြေပြင်မှလည်း အင်အားတိုးချဲ့နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။