Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့အား စစ်ကောင်စီ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်

ထိုးစစ်မရှိလေကြောင်းကင်းထောက်မှုသာရှိဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ပြော

ပင်လည်ဘူးမြို့တနေရာအား သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကိုင်းတိုင်း ပကဖ

ဟန်နွေ/People’s Spring

စစ်ကိုင်တိုင်း ပင်လည်ဘူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များကအောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု များ ပြုလုပ်လာခဲ့သော်လည်း မြေပြင်မှ စစ်ကြောင်းထိုး လှုပ်ရှားမှု မရှိကြောင်း အဆိုပါဒေသရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပင်လည်ဘူးမြို့ကို ဩဂုတ်လလယ်မှစတင်တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၅၀ ကျော်ကြာထိုးစစ်ဆင်ခဲ့ရပြီး အောက်တိုဘာ ၈ရက်နံနက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“သူတို့က မသိမ်းရသေးခင်ကတော့ စစ်အင်အား ၄၀၀ လောက်လာချမယ်လို့တော့ သိရတယ်။ ခုကသိမ်းပြီးတော့ အခြေအနေကတော့ သိမ်းလို့မရသေးတဲ့ နေရာတွေကိုချမယ်ထင်ပါတယ်။

Public Service Announcement

Public Service Announcement

ခုထိတော့ ဘာမှ မထူးသေးဘူး။ ဒီနေ့တော့ ကင်းထောက်ယာဉ်တော့လာတယ်။(လေကြောင်းတိုက်ခိုက်မှု)ရှိတယ်။ ၈ရက်နေ့ ဖိုက်တာ ၄စီး တပြိုင်နက်လာကြဲတယ်။ ပြီးတော့ Y12 တစ်စီးလာကြဲတယ်။ပြီးတော့ ဖိုက်တာ ၂စီး လာကြဲတယ်”ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ညတွင် ပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်းများမှ ဘိန်းဖြူများနှင့် လက်နက်၄၀၀ကျော် သိမ်းရဟု စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ အခြားဖမ်းဆီရမိသုံ့ပန်းများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း အသိပေးထားသည်။

သိမ်းဆည်းရမိပစ္စည်းများတွင် ဘိန်းဖြူများလည်း သိမ်းရခဲ့ကြောင်း အသိပေးထားသည်။ ခန့်မှန်း အခွက်ရေ ၈၀ ခန့်ရှိသည်ဟုဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲသည့်နေရာ၌ ဘိန်းဖြူခွက်များ ရှိနေသည့် အကြောင်းအရင်းကို အသေအချာ မသိရသေးဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ရဲစခန်းက သိမ်းရတာပါ။ အရင်က ဖမ်းဆီးပြီး သိမ်းထားတဲ့မူးယစ်ဆေးတွေလိုပဲထင်တာပ” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။