Connect with us

Hi, what are you looking for?

သတင်း

ပန်ဝါတွင် တိုက်ပွဲပြင်းထန်​နေ ၊စစ်တပ်က​လေ​ကြောင်းမှဗုံးကြဲ၍ဒေသခံများ တရုတ်ဘက်သို့တိမ်းရှောင်

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလေ ကြောင်းမှပစ်ခတ်နေ၍ မြို့ခံများသည် တရုတ်နိုင်ငံဘက်သို့ထွက်ပြေးခိုလှုံနေကြရကြောင်းသတင်းရရှိသည်။

လူအေး/People’s Spring

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့မှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလေ ကြောင်းမှပစ်ခတ်နေ၍ မြို့ခံများသည် တရုတ်နိုင်ငံဘက်သို့ထွက်ပြေးခိုလှုံနေကြရကြောင်းသတင်းရရှိသည်။

ပန်ဝါမြို့မှ နယ်စောင့်တပ် ၁၀၀၂ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက အောက်တိုဘာလ ၁၀ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်​ကြောင်း ကချင်ပြည်နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဆော့လော်ကို သိမ်းပြီးကတည်းက ပန်ဝါကိုချီတက်တာ။ ပြည်သူ့စစ်တွေက မခုခံဘူး။ အကုန်ဆုတ်ပြေးတာ။ ၁၀၀၂ တပ်ရင်းမှာတော့ မနေ့ကစပြီးတိုက်ပွဲပြင်းထန်နေတယ်။ ‌ဒေသခံတော်တော်များများတရုတ်ဖက်ကိုထွက်ပြေးရတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် ပန်ဝါမြို့နယ်တိုက်ပွဲအတွင်း​အောက်တိုဘာ ၁၀.ရက်မှစ၍ လေကြောင်းမှတိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

“မနေ့က လောက်ပြေရွာကို ပစ်တယ်။ ဒီကနေ့လည်း ပစ်တယ်” ဟု တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတင်ရှောင်ခဲ့သည့်ပန်ဝါဒေသခံတဦးကပြောသည်။

KIA နှင့် ပူးပေါင်းတပ်များသည် စက်တင်ဘာလကုန်ပိုင်းနှင့် ​အောက်တိုဘာ ၂ ရက်တွင် ချီဖွေ နှင့် ဆော့လော်မြို့တို့ကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။ထို​နောက် ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထိုအပြင် KIA နှင့် ပူး​ပေါင်းတပ်သည် အောက်တိုဘာ ၃ရက်တွင် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ ၁၁မိုင် BGF စခန်းကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၄ရက်တွင် ပန်ဝါသွားလမ်းပေါ်ရှိ လန်းဂျော်စစ်ကောင်စီ ယာယီ စခန်းတို့ကိုလည်း သိမ်းပိုက်ထားသည်။

ပန်ဝါမြို့သည် ချီဖွေမြို့နယ်တွင် ပါဝင်ပြီး တရုတ်မြန်မာနယ်စပ်မြို့ ဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ၏ ကချင်အထူးဒေသ(၁)နယ်မြေဖြစ်သည်။ လက်ရှိတွင် KIA က ကချင်အထူးဒေသ(၁) အတွင်းရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့ပြင်ဒေသတွင်း လမ်းကြောင်းများကိုလည်း KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားသည်။

ဦးစခုန်တိန့်ယိန်း သည် စစ်​တပ်နှင့်ကာလရှည်လက်တွဲခဲ့​သူဖြစ်သည်။သူ၏ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းသည် ပန်ဝါမြို့တွင် အခြေစိုက်ထားပြီး မြေရှားသတ္တုထုတ်လုပ်မှုများ အကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

(ပန်ဝါ​ဒေသအပါအဝင် မြန်မာ-တရုတ်နယ်စပ်ကို Google Earth တွင်​တွေ့ရမှု)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook