Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှု သံဃာတော်သုံးပါးအပါအဝင် ၁၂ဦးသေဆုံး

စစ်ရှောင်ပြည်သူ ၃၀ထက်မနည်း ဒဏ်ရာရဟုဆို

ဝေါစုကျေးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်သုံးပါးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၁ရက်) နေ့လယ် ၁နာရီခန့်က ဝေါစုကျေးရွာရှိ အောင်မင်္ဂလာသုခ ကျောင်းတိုက်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းရှိသံဃာတော် သုံးပါး ပျံလွန်တော်မူခဲ့ပြီး ကျောင်းသို့လာရောက် စစ်ရှောင်နေသည့် ပြည်သူ ၉ ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပေါင်နှစ်ရာ ဗုံးသီးတစ်လုံးချတယ်။ ပြည်သူ ၉ ဦး၊ ဘုန်းကြီး ၃ ပါး၊ စုစုပေါင်း ၁၂ ဦး သေဆုံးတယ်။ အထိအခိုက်လည်းများတယ်။”ဟု Wetlet Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူပြည်သူများတွင် ကလေးငယ်တစ်ဦးပါဝင်ပြီး ပြည်သူ ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသည့်ပြည်သူများ၏ အသေးစိတ်အချက်အလက်များ မသိရသေးပေ။

လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ပွားနေသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်ကလည်း မတ္တရာအနောက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားပြီး PDF စခန်းယာယီဆုတ်ခွာခဲ့ရသည်။ ထိုနေ့က မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာအနီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာကလေးသူငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့သည်။

မေလမှ ဇူလိုင်လကုန်အထိ မတ္တရာမြို့နယ် အတွင်း စစ်ကောင်စီတပ်စခန်း ၃၅ ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။