Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်း လေကြောင်းထပ်မံတိုက်ခိုက်၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီက လေကြောင်းမှ ထပ်မံ တိုက်ခိုက်နေ၍ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်တပ်က စက်တင်ဘာ တတိယပတ်တွင် မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာအား မီးရှို့နေသည်ကိုအဝေးက တွေ့ရစဥ်။ ဓာတ်ပုံ-VOMDY

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီက လေကြောင်းမှ ထပ်မံ တိုက်ခိုက်နေ၍ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ ၁၂ဦးသေဆုံးသည်အထိ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့(အောက်တိုဘာ ၁၂ရက်) နံနက် ၉ နာရီခန့်ကလည်း မတ္တရာမြို့နယ်မြောက်ခြမ်း၊ ရေချောင်းပိုကျေးရွာ၏တောင်ဘက်သို့ စစ်ကောင်စီတပ်က MI-35 နှစ်စီးဖြင့် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဗုံးလည်းကြဲ စက်သေနက်နဲ့ပါ ပစ်တယ်။အထိအခိုက်မရှိဘူး ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေ ၆နာရီခွဲခန့်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် မတ္တရာမြို့နယ်၊ တုံကုန်းကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့က ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းလေကြောင်းတိုက်ခိုက်မှုတွင် သံဃာတော် သုံးပါးနှင့် ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူ၁၂ဦးသေဆုံးခဲ့ရပြီး ၃၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်က မတ္တရာအနောက်ခြမ်း သုံးဆယ်ပေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး PDF စခန်းအချို့ ယာယီဆုတ်ခွာခဲ့ရသည်။ အဆိုပါတိုက်ပွဲအတွင်း သုံးဆယ်ပေးကျေးရွာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးသူငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့သည်။

လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်း၌လည်း စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ပွားနေသည်။

မေလမှ ဇူလိုင်လကုန်အထိ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃၅ ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook