Connect with us

Hi, what are you looking for?

သတင်း

ဒုခေါင်းဆောင်စိုးဝင်း နမခရောက်နေချိန် ကာမီကာဇေဒရုန်း၂ စင်းဖြင့် တိုက်ခိုက်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းရောက်နေချိန် ကာမီကာဇေဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ ရဲဘော် တစ်ဦး ဒရုန်းများဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းရောက်နေချိန် ကာမီကာဇေဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၅ရက်) နံနက် ၁၀နာရီခွဲခန့်က နမခသို့ စစ်ကောင်စီ၏ ဒုခေါင်းဆောင်စိုး၀င်းရောက်ရှိနေချိန်တွင် စစ်ရုံးချုပ်အတွင်းသို့ ကာမီကာဇေဒရုန်း တစ်စီးဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီခွဲခန့်တွင် စိုး၀င်း၏ရဟတ်ယာဉ် ရပ်ထားရာနေရာသို့ ကာမီကာဇေဒရုန်း တစ်စီးဖြင့်လည်းကောင်း တိုက်ခိုက်နိုင်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ချုပ်စိုး၀င်း နမခသို့ရောက်ရှိချိန်တွင် ရဟတ်ယာဉ်တစ်စီးမှာပတ်ဝဲ၍ လုံခြုံရေးယူ‌ပေးထားပြီး ဒုတိယအကြိမ်ပေါက်ကွဲသံကြားရအပြီးတွင် ရဟတ်ယာဉ်၂စီး ပျံတက်မောင်းနှင်သွားခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးက ဆိုသည်။

“ ကျွန်တော်တို့ သတင်းရရချင်း အလျင်အမြန်ပြင်ဆင်ရတာပဲ။ တစ်နာရီအတွင်းပြင်ဆင်ခဲ့ရတာ။ အထိအခိုက်ကတော့ စုံစမ်းလို့မရသေးဘူး။” ဟု ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

မုံရွာမြို့ခံတစ်ဦးကလည်း “ နမခထဲကနေ ကားတွေအတန်းလိုက်ကြီး ထွက်သွားတာတွေ့လိုက် တယ်။” ဟု ပြောသည်။

ကာမီကာဇေဒရုန်းသည် ဒုတိယကမ္ဘာစစ်တုန်းက ရန်သူ့ပစ်မှတ်များကို လေယာဥ်များဖြင့် အသေခံတိုက်ခိုက်ခဲ့သည့် ဂျပန်လေယာဥ်မှူးများ၏ အသေခံတိုက်ခိုက်မှုကိုအစွဲပြုပြီး ကာမီကာဇေဒရုန်းဟု အမည်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးအား Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF(ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ Eagle Wing Drone Force၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့၊ “ ငါတို့” ထောက်ပို့အဖွဲ့၊ခွန်အားမျှပါ သိန်း(၅၀၀၀) ထောက်ပို့အဖွဲ့နှင့်ဒေသခံတပ်ရင်း၊တပ်ဖွဲ့များက ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယခင်ကလည်း နမခအတွင်းသို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များရောက်လာတိုင်း တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများ၊ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၉ရက်ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့အရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ)အတွင်း စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းနှင့်အဖွဲ့ အထူးစစ်ဆင်ရေးအထူးအစည်းအဝေးပြုလုပ်နေစဉ် ကာမီကာဇေ Fixed Wing Droneများဖြင့် တိုက်ခိုက်ခံရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး ရိက္ခာဂိုဒေါင် ၂ လုံးပါ ပျက်စီးတယ်လို့ Chindwin Rocket Brother(CRB)အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခထဲကို ဂျိုင်ရိုကော်ပတာ(Gyrocopter)တွေ ရောက်ရှိလာတယ်လို့ လေကြောင်းသတင်းစောင့်ကြည့်တဲ့ ဝေဟင်နဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Facebook