Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်​အောက်မှ မလွတ်သ၍ သီတင်းကျွတ်မရှိဘဲ တိုက်ပွဲသာရှိ၍ “ကျွတ်မနေနဲ့ကြုံး” ဟု ရန်ကုန်သပိတ်အဖွဲ့များ ဆန္ဒထုတ်​ဖော်

ရန်ကုန်မြို့တွင် ဆန္ဒပြလူငယ်များ မတရားဖမ်းဆီးခံရမှုများရှိနေ‌သော်လည်း ရန်ကုန်မြို့ရှိ သပိတ်အဖွဲ့ လေးဖွဲ့က “ကျွတ်မနေနဲ့ ကြုံး ” ဘန်နာချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

သတိုး /People’s Spring

ရန်ကုန်မြို့တွင် ဆန္ဒပြလူငယ်များ မတရားဖမ်းဆီးခံရမှုများရှိနေ‌သော်လည်း ရန်ကုန်မြို့ရှိ သပိတ်အဖွဲ့ လေးဖွဲ့က “ကျွတ်မနေနဲ့ ကြုံး ” ဘန်နာချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

“ပြည်သူတွေတော်လှန်ရေးကိုလည်း အာရုံစိုက်ပေးပါ ။ ပေးဆပ်ထားတဲ့ကျွန်တော်တို့ရဲဘော်တွေရဲ့ အသက်တွေက အလကားမဟုတ်ပါဘူး။ ရန်ကုန်မြို့မှာကျွန်တော်တိုရဲဘော်တွေကို ဖမ်းဆီးလည်း တစ်ယောက်ကျန်ရင် ကိုယ်အရိပ်နဲ့ကိုယ်လက်တွဲပီး အာဏာရှင်ကို ဆက်တိုက်ပါ့မယ်လို့ပြောချင်ပါတယ်။ချ၊ လုပ်၊ ဆော်၊ တိုက်၊ အုံး = ကြုံး ” ဟု Owl Community မှ Ko AK က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုကို အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့တစ်နေရာ၌ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community နှင့် Linn Yaung Ni Youth Organization (LYNYO) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အာဏာရှင်လက်အောက်မှ မလွတ်လပ်သေးသ၍ သီတင်းကျွတ်လည်းမရှိသလို တိုက်ပွဲသာရှိပြီး လူထုတိုက်ပွဲ နှင့် လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းကာအောင်ပွဲဆင်နွဲကြမည်ဟု ယင်းအဖွဲ့များက တိုက်တွန်းနှိုး​ဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။