Connect with us

Hi, what are you looking for?

သတင်း

ကျူးလွန်သူတွေ ပြစ်ဒဏ်ခံရမယ့်အကြောင်း ရိုက်ပြထားတဲ့ “မပြီးသေးဘူး နင်တို့ အလှည့်လာမယ်”

မပြီးသေးဘူး နင်တို့အလှည့်လာမယ် ဇာတ်လမ်းတိုရုပ်ရှင်ကို ဒီနေ့ ည ၇ နာရီမှာ Artists’ Shelter နဲ့ Transitional Justice in Burma ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေကနေ ပြသပေးသွားမှာပါ။

ဆဏ်း / People’s Spring

မပြီးသေးဘူး နင်တို့အလှည့်လာမယ် ဇာတ်လမ်းတိုရုပ်ရှင်ကို ဒီနေ့ ည ၇ နာရီမှာ Artists’ Shelter နဲ့ Transitional Justice in Burma ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေကနေ ပြသပေးသွားမှာပါ။

“”ကျူးလွန်သူတွေဟာ တချိန်ချိန်မှာ မလွဲမသွေ ပြစ်ဒဏ်ခံရမှာပဲ” (Transitional Justice Will Combat Against Impunity) ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီ အရောက်ပို့ဖို့ Asia Justice and Rights – AJARနဲ့ Artists’ Shelter တို့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်လမ်းတိုလေးတပုဒ် ရိုက်ကူးထားပါတယ်။” လို့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး Artists’ Shelter ကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇာတ်ကားမှာ အောင်မြင့်မြတ် ၊ ဂျပန်ကြီး ၊ တီဇင် တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ L Lay ကရိုက်ကူးထားပါတယ်။

“လူ့ဘဝတုန်းက ဆိုးရွားရက်စက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေ ငရဲပြည်ရောက်သွားတဲ့အခါ သူတို့ အချင်းချင်း ဘာတွေပြောကြလဲ?

ငရဲပြည်ရောက်နေတာတောင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အသိတရားမရသေးတဲ့အပြင် ဆင်ခြေပေးလို့ကောင်းနေတုန်း… အဲ့လို လူတွေကိုရော ဘယ်လိုတရားစီရင်ကြမလဲ??” လို့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး Artists’ Shelter က ညွန်းပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို ကူညီဖို့အတွက်ပြုလုပ်နေတဲ့ တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒ မီရုပ်ကမ်ပိန်းကို တစ်တော့ပ်အကောင့်အတုနဲ့ လိမ်လည်နေတယ်လို့ Artists' Shelter ကအသိ ပေးထားပါတယ်။

သတင်း

"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှ ကျပ်သိန်းတစ်သောင်းကျော် ရန်ပုံငွေရရှိခဲ့ပြီး ပြည်တွင်းမှ လိုအပ်နေသည့်နေရာများသို့ကူညီပေးနိုင်ခဲ့ကြောင်း Artists' Shelter ကအသိပေးထားသည်။

သတင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ပြပွဲမှ ရရှိသည့် ငွေအားလုံးကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ကူညီမည်ဟု Artists' Shelter ကအသိပေးထားသည်။