Connect with us

Hi, what are you looking for?

သတင်း

ကျပ်သိန်းတစ်သောင်းကျော် ပံ့ပိုးနိုင်ခဲ့သည့် သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ

“သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ” နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှ ကျပ်သိန်းတစ်သောင်းကျော် ရန်ပုံငွေရရှိခဲ့ပြီး ပြည်တွင်းမှ လိုအပ်နေသည့်နေရာများသို့ကူညီပေးနိုင်ခဲ့ကြောင်း Artists’ Shelter ကအသိပေးထားသည်။

ဆဏ်း /People’s Spring

“သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ” နိုင်ငံတကာ ရုပ်ရှင်ပြပွဲမှ ကျပ်သိန်းတစ်သောင်းကျော် ရန်ပုံငွေရရှိခဲ့ပြီး ပြည်တွင်းမှ လိုအပ်နေသည့်နေရာများသို့ကူညီပေးနိုင်ခဲ့ကြောင်း Artists’ Shelter ကအသိပေးထားသည်။

“ရုပ်ရှင်ပြပွဲတွေကနေ ရရှိလာတဲ့ ရန်ပုံငွေ စုစုပေါင်း – မြန်မာကျပ်ငွေ သိန်းပေါင်း “တသောင်း သုံးရာသုံးဆယ့်ရှစ်သိန်း လေးသောင်းတထောင် ရှစ်ရာသုံးဆယ့်ခြောက်” ကျပ် တိတိကို မြန်မာနိုင်ငံအတွင်း လိုအပ်လျက်ရှိတဲ့ နေရာဒေသအသီးသီးသို့ အချိန်နဲ့တပြေးညီ ပေးပို့ လှူဒါန်းနိုင်ခဲ့ပါတယ်။” Artists’ Shelter က ထုတ်ပြန်သည်။

အဆိုပါရုပ်ရှင်ပွဲတော်ကို ၂၀၂၄အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၄ နိုင်ငံ၌ ပွဲစဉ် ၃၀ ပြသနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် တော်လှန်အနုပညာရှင်များ ဖန်တီးထားသည့် Guilt၊ ငါတို့မှာငါတို့ပဲရှိတယ်၊ Together နှင့် The Unknown Infinity ရုပ်ရှင်လေးကားကို ပြသခဲ့ခြင်းဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားများကို ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ ကြည့်ရှူနိုင်ရန် အတွက် အွန်လိုင်းမှ ထုတ်လွှင့်နိုင်ရန် အတွက်လည်း စီစဉ်နေကြောင်း Artists’ Shelter က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မပြီးသေးဘူး နင်တို့အလှည့်လာမယ် ဇာတ်လမ်းတိုရုပ်ရှင်ကို ဒီနေ့ ည ၇ နာရီမှာ Artists' Shelter နဲ့ Transitional Justice in Burma ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေကနေ ပြသပေးသွားမှာပါ။

သတင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ပြပွဲမှ ရရှိသည့် ငွေအားလုံးကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ကူညီမည်ဟု Artists' Shelter ကအသိပေးထားသည်။

Facebook