Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှု ပြည်သူ၄ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့အားစစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ - TNLA

မိုးမိုး/People’s Spring

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့အားစစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၇ ရက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ အထွတ်အမြတ်ထား ဘုရားဆီမီးထွန်းညှိပူဇော်ကြသည့် သီတင်းကျွတ်ညတွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ည အစောပိုင်းမှာ ကြဲတယ်။ ၁နာရီမှာ လေးလုံးကြဲတယ်။ ညဦးပိုင်းတည်းက မနားတမ်းပျံဝဲနေတာ။ ရဲစခန်းနားက စာရင်းစစ်ရုံးမှာ အကြဲခံရတယ်။ ပထမက မြို့အပြင်ဘက် ကျတာ”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ည ၉နာရီ ၄၀မိနစ်တွင် နောင်ချိုမြို့ သဖန်ကိုင်းရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၀နာရီ ၂၀ မိနစ်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုရဲစခန်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ည ၁၁နာရီ ၂၀မိနစ်နှင့် ညသန်းခေါင်ကျော် ၁၂နာရီ ၄၅နှင့် နံနက် ၁နာရီ တို့တွင်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းဝန်းအတွင်းဗုံး၄လုံးထပ်မံကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တောင်ရပ်ကွက် နယ်မြေ(၂)တွင် ၃လုံး၊ နယ်မြေ(၁)တွင် ၂လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ လူထုများစုဝေးစဥ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကိုဆေးဝါးကုသပေးလျက်ရှိကြောင်း TNLAက ထုတ်ပြန်သည်။

သီတင်းကျွတ်ညအခါသမယအချိန်တွင် ပြည်သူလူထုများ စုဝေး၍ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေကြသည်ကိုသိလျက် ရဟန်းရှင်လူ ဒေသခံပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့်လုပ်ရပ်ဖြစ်ကြောင်းလည်း TNLAက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညက ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိနေရာ ၂ခုကိုလည်းလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာလူထိခိုက်မှုရှိနိုင်သည်ဟု ဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည်၎င်း လက်လွှတ်ဆုံးရှုံးထားသည့်မြို့ရွာများ၊ ၎င်းတို့ စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိသည့် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထု သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။