Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီ​၏လက်နက်ကြီးထိမှန်ပြီး အဘိုးအိုတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU

မိုးမိုး/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၈ရက် နေ့လည်ပိုင်းတွင် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၂) လက်အောက်ခံ (ခမရ-၂၃၁) တပ်ရင်း လက်အောက်ရှိ တပ်သစ်အမြှောက် ကုန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်မှတ်ထားပစ်ခတ်ခဲ့ရာ တောင်ကြာအင်း ကျေးရွာအတွင်းသို့ သုံးလုံးနှင့် မြောက်ကြာအင်းကျေးရွာအတွင်းသို့ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ကြာအင်းကျေးရွာနေ (၇၁)နှစ်အရွယ် အဘိုးအိုတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် (၇၀)အရွယ် အဘိုးအိုတစ်ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှု ရှိခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီး လေကြောင်း အသုံးပြု၍ တိုက်ပွဲဖြစ်ပွားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြစ်မဲ့ ပြည်သူနေ ကျေးရွာများသို့ ရမ်းသမ်း၍ သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း ဗုံးကြဲပစ်ခတ်လျှက်ရှိဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာ ရခဲ့ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းများလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိမှန် ပျက်စီးခဲ့ရကြောင်း အသိပေးဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။