Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့စောင့်တပ်ကို စစ်တပ်က လေထီးဖြင့်စစ်ကူပို့ခြင်းမရှိ ၊ ခဲယမ်းများသာပို့

မြဝတီမြို့စောင့်တပ် အမှတ်(၂၇၅)ခြေလျင်တပ်ရင်းကို စစ်ကောင်စီက လေကြောင်းမှတဆင့်လေထီးဖြင့် လက်နက်ခဲယမ်းများဖြည့်တင်းမှုပြုလုပ်ခဲ့ကြောင်း ကရင်ပြည်နယ်ရှိ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၂၀ရက်က မြဝတီမြို့စောင့်တပ် အမှတ်(၂၇၅)ခြေလျင်တပ်ကို လေထီးဖြင့် ချပေးသော ပစ္စည်းထုပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဒီးဒီ/People’s Spring

မြဝတီမြို့စောင့်တပ် အမှတ်(၂၇၅)ခြေလျင်တပ်ရင်းကို စစ်ကောင်စီက လေကြောင်းမှတဆင့်လေထီးဖြင့် လက်နက်ခဲယမ်းများဖြည့်တင်းမှုပြုလုပ်ခဲ့ကြောင်း ကရင်ပြည်နယ်ရှိ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူများက လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၂၀ရက်က မြဝတီမြို့ရှိ (၂၇၅)ခြေလျင်တပ်ရင်းကို စစ်ကောင်စီက Y-8 လေယာဥ်အသုံးပြုပြီး လေထီးဖြင့် လက်နက်ခဲယမ်း၊ ယူနီဖောင်းနှင့် ဆေးဝါးများ ချပေးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

” လေထီးနဲ့ လူချပေးတာ မဟုတ်ဘူး။ ပေါက်ကွဲစေတဲ့အရာတွေဆို လေထီးနဲ့ ချတယ်။ မိုင်းတို့ ဗုံးတို့ ခဲယမ်းတို့ဆို သူက လေထီးနဲ့ ချပေးတာ။ အခြား ဆေးဝါးတို့ စားစရာတို့ကို ဒီတိုင်းအထုပ်လိုက် ပစ်ချတာ”ဟု ကရင်ပြည်နယ်ရှိ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၀ရက်က လေထီးဖြင့် ခဲယမ်းများချပေးရာတွင် မြဝတီမြို့ စိမ်းလဲ့မြိုင်ကားကွင်းအနီးနှင့် ရပ်ကွက် (၆)၊ (၇)တို့ အနီးတွင် အဆိုပါ အထုပ်များ ကျရောက်ခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“အဓိက ၂၇၅ထဲချတာပါ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် Y-8 လေယာဥ်ဖြင့် တစ်ခေါက်သာရောက်လာပြီး သင်္ဃန်းညီနောင်အနီးရှိ တော်လှန်ရေးတပ်များက ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီလေယာဥ်မှာ လှည့်ပြန်သွားသည်ဟု ကရင်ပြည်နယ်ရှိ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းမီဒီယာအချို့တွင် ဖော်ပြနေသော မြဝတီမြို့စောင့်တပ် အမှတ်(၂၇၅)ခြေလျင်တပ်ရင်းကို စစ်ကောင်စီက လေကြောင်းမှတဆင့် လူအင်အားဖြည့်တင်းနေသည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်နက်၊ခဲယမ်းများနှင့် လေကြောင်းဆိုင်ရာ သတင်းများစောင့်ကြည့်ဖော်ပြပေးနေသော Tactical Raptor 2.0 စာမျက်နှာကလည်း ကလည်း” သတင်းတွေမှာ ဖော်ပြသလို 5 မိနစ်တစ်ခါ လူချတယ်ဆိုတာကလဲ တစ်မျိုးဖြစ်နေတယ်။ လေယာဉ်တစ်စင်းထဲက‌နေ လေထီးခုန်ဖို့ drop zone ဘယ်နခု သတ်မှတ်ထားတာလဲပေါ့။ သတ်မှတ်ထားတဲ့ drop zone အပေါ်ရောက်ရင် တစ်ခါတည်းအကုန် ခုန်ဆင်းရမှာ မဟုတ်ဘူးလား။ 5 မိနစ်တစ်ခါ ခွဲပြီး ခုန်ဆင်းတော့ drop zone လွဲကုန်မယ်။ ဒါ့အပြင် 4-5 ယောက် တစ်တွဲ ခုန်ဆင်းတယ်ဆိုတော့ ဘယ်လို ဖွဲ့စည်းပုံလဲ။ 4-5 ယောက်အဖွဲ့ငယ်တွေက မြဝတီထဲ drop zone အများကြီးခွဲပြီး ဆင်းကြတာလား၊ အင်အားမပြည့်တဲ့ အဖွဲ့တွေက နေရာခွဲ ခုန်ဆင်းပြီး ဘယ်လိုရည်မှန်းချက်တွေ ဖော်ဆောင်မှာလဲ တွေးစရာ‌တွေ ဖြစ်ကုန်တယ်”ဟု ရေးသားထားသည်။

အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်အပြီးတွင် ၃ရက်အကြာတွင် စစ်ကောင်စီက မြဝတီမြို့စောင့်တပ်အား ထိုကဲ့သို့ လက်နက်ခဲယမ်းများ ပို့ပေးလာခြင်းဖြစ်သည်။

အောက်တိုဘာ ၂၀ရက်ကလည်း ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အနီးတွင် စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဦးဆောင်သော ကော်ဘရာပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားရာ အောင်ဇေယျစစ်ကြောင်း ထိခိုက်မှုများကြောင်း လူထုနွေဦး​၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နေ့လည် ၂နာရီခန့်တွင် အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး သေဆုံးမှုများကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်​၏ ကာကင်းစခန်းသုံးခုအား ပူးပေါင်းတပ်များ အောက်တိုဘာ ၂၀ရက်တွင် သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂) VENOMစစ်ကြောင်းက အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် မြဝတီမြို့စောင့်တပ် အမှတ်(၂၇၅)ခြေလျင်တပ်ရင်း၌ စစ်ကောင်စီတပ်သားများ ပြန်လည်ဝင်ရောက် နေရာယူထားသည်။ အဆိုပါ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဧပြီလတွင် တစ်ပတ်ကျော်ကြာသိမ်းပိုက်ထိန်းချုပ်ပြီးနောက် ပြန်လည်ဆုတ်ခွာပေးခဲ့ရသော တပ်စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာအာဏာသိမ်းစစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကအရပ်သားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ ဖြစ်ပျက်နေတယ်လို့ မြ၀တီမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။