Connect with us

Hi, what are you looking for?

သတင်း

KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ကိုစစ်​ကောင်စီ ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်

ရဲ​ဘော် ၁ ဦးဒဏ်ရာရဟု ကနဦးသတင်းရရှိ ၊ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း KNU ဌာနချုပ်ကို စစ်​တပ်ကပထအဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်

စစ်​ရေးပြအခမ်းအနားတစ်ခုမှ KNU တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- KNU

ဒီပ၊မိုးမိုး/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်တည်ရှိတဲ့ တပ်မဟာ(၇) ၊​ သေ​ဘေထာစခန်းကို စစ်​ကောင်စီက ဒီနေ့(​အောက်တိုဘာ ၂၂) နံနက် ၁၀ နာရီမှာ ဒရုံးဖြင့် ဗုံးချတိုက်ခိုက်​တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

KNU တပ်မဟာ( ၇ )ဌာနချုပ်ကို အရင်ဒီလိုတိုက်ခိုက်ခဲ့ဖူးတာမရှိ​သလို ကျည်​ပေါက်တာတောင်အ​တော်ရှားပါတယ်။ဒါ​ပေမယ့် ​အောက်တိုဘာ ၂၂ ရက်မနက် ၁၀ နာရီ​မှာ ဒရုန်း​တွေနဲ့ ဗုံးသုံးကြိမ်တိုင်လာကြဲတာလို့သိရပါတယ်။ ဗုံးချ တိုက်ခိုက်မှု​ကြောင့် KNLA တပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောပါတယ် ။

“မနေ့ညနေက ကင်းထောက် မြစ်ရိုးအတိုင်း ပျံသွားတယ် ဒီမနက်ကြဲ”တယ်လို့ သတင်းရင်းမြစ်တစ်ဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

KNU မှသတင်းရင်းမြစ်တဦးက လည်း”တပ်မဟာ(၇)ဂွင်ပေါ့။ဒရုန်းနဲ့လာချတာ။ သူတို့ လာတာကအထိအခိုက်မရှိဘူး။ ၁ ဦးနည်းနည်းပါးပါးထိတာ။”လို့ ပြောပါတယ်။

KNUမှာ တပ်မဟာ နဲ့ ခရိုင် ၇ခုရှိတာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၇)မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲမဖြစ်သလောက်နည်းပါးပါတယ်။

စစ်ကောင်စီက တပ်မဟာ(၇)ကို အခုလိုဒရုန်းနဲ့တိုက်ခိုက်တာဟာရန်သူက အချိန်တန်ရင် သူ့အလုပ် သူလုပ်​နေတဲ့ သဘောဖြစ်တယ်လို့ KNU သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

“အရင်တုန်းကတခါမှ မလာဖူးဘူး။ ဒီတစ်ခါ ပထမဦး ဆုံးပဲ။” လို့သူကရှင်းပြပါတယ်။

ဒါကြောင့် KNU တပ်မဟာ(၇) ခေါင်းဆောင်အချို့ အနေနဲ့လည်း ဆုံးဖြတ်ချက်ပြတ်သားဖို့လိုသလို၊ KNU အနေနဲ့ ဒီတိုက်ခိုက်မှုအ​ပေါ် တန်ပြန်မှု​တွေ ရှိလာမယ်လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

အခုတိုက်ခိုက်မှုနဲပတ်သက်ပြီး KNU က​ပြော​ရေးဆိုခွင့်ရှိသူ​တွေ ကို ​မေးမြန်းနိူင်ဖို့ People’s Spring ကဆက်သွယ်​နေပါတယ်။

KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​​တွေဟာ ​ကော့ကရိတ်မြို့နယ်၊ ​လေး​ကေ့​ကော်မြို့သစ် အနီးက စွယ်​တော်ကုန်း စစ်တပ်အ​မြောက်တပ်စခန်းကို ​အောက်တိုဘာ ၁၇ ရက်မနက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။စစ်​ကောင်စီတပ်အတွက်စွယ်​တော်ကုန်းအ​မြောက်စခန်းကျပြီး​နောက် ​ဒေသတွင်းမှာ စစ်စခန်းအများစု ကျသွားပြီဖြစ်တဲ့အတွက် စစ်တပ်က မြဝတီမှာ တစ်ခုတည်းကျန်တဲ့ ခမရ (၂၇၅)ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာ​တွေကို ​လေယာဥ်​ပေါ်က​နေ ​အောက်တိုဘာ ၂၀ ရက်​နေ့မှာ ​လေထီးနဲ့ချခဲ့ပါတယ် ။ ​ဒေါန​တောင်​ပေါ်က ​အောင်​ဇေယျစစ်​ကြောင်းလက်ကျန်တပ်ကလည်း ဒီရက်ပိုင်း​ရှေ့တိုးဖို့ကြိုးစားလာလို့ ​ဒေသတွင်းစစ်​ရေးပိုတင်းမာ​နေတယ်လို့ ​တော်လှန်​ရေးအဖွဲ့ဝင်အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်