Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့လေကြောင်းတိုက်ခိုက်မှု အရပ်သား ၃ဦး ဒဏ်ရာရ

လားရှိုးမြို့ မန်ဆူဘုရားအနီး စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

ယနေ့နံစောက လားရှိုးမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - FYV

သက်ဝေ/People’s Spring

လားရှိုးမြို့ မန်ဆူဘုရားအနီး စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

လောက်ကိုင်မြို့နှင့် ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ရက် ယနေ့နံနက်စောတွင် စစ်ကောင်စီက လားရှိုးမြို့မန်ဆူဘုရားအနီးရှိ ရပ်ကွက် (၁၂)ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ပြီးရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများက ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟု အသိပေးသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်အများအပြားလည်း ပြင်းထန်စွာ ပျက်စီးခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်သည် MNDAA၏ အထူးဒေသ(၁) လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် လားရှိုးမြို့စသောဒေသသို့ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု များ ဆက်တိုက်ပြုလုပ်လျက်ရှိရာ သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရရှိသူနှင့်သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးသူ အရေအတွက်နှင့် ထိခိုက်သူ အရေအတွက်ကို ခွဲခြား ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီတပ်သည် အရပ်သားများ နေထိုင်ရာ ဒေသများ၊ ဈေးများနှင့် အခြေခံ အသက်မွေးဝမ်းကျောင်း အဆောက်အအုံများ ဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေခဲ့ပြီး ဒေသခံများ ကြောက်ရွံ့ထိတ်လန့်နေကြရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ကိုးကန့်တပ်၊ တအာင်းတပ်(TNLA)၊ ကချင်တပ်(KIA) စသည့် စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက် ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ပစ်မှတ်အများစုသည် အရပ်သား နေထိုင်ရာ နေရာများဖြစ်ကာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဒေသခံတို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook