Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၀ရက်အတွင်းအရပ်သား ၁၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ရာမှာ ၁၀ ရက်တာအတွင်း သံဃာ ၃ ပါး နဲ့ကလေးငယ်တွေအပါအဝင်အရပ်သား ၁၄ ဦီး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်ကောင်စီလေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်း ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာမှာ ၁၀ ရက်တာအတွင်း သံဃာ ၃ ပါး နဲ့ကလေးငယ်တွေအပါအဝင်အရပ်သား ၁၄ ဦီး သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေဟာ ဝေါစုကျေးရွာနဲ့ မြွေတလှိုင်းကျေးရွာတို့က ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၁၄ ဦီးအနက် ၁၂ ဦးဟာ ဝေါစုကျေးရွာက ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် နေ့ခင်းပိုင်း ၁ နာရီခွဲအချိန်က ဝေါစုရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာဟာ ဝေါစုကျေးရွာက စစ်ရှောင် အရပ်သားတွေ နေထိုင်ရာစခန်း ဖြစ်တယ်လို့ မန္တလေး PDF က အသိပေးပါတယ်။

အောက်တိုဘာလ ၂၁ ရက်ကလည်း မြွေတလှိုင်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ရာမှာ အသက် ၂၈ နှစ်အရွယ်မိခင်နဲ့ ၁ နှစ်ခွဲအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရပါတယ်။

သားအမိ ၂ ဦးဟာ စစ်ကောင်စီ လေတပ်တိုက်ခိုက်ရေးရဟတ်ယာဉ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ မတ္တရာမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ ဝက်လက်သတင်းအချက်အလက်အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

မတ္တရာနယ်ကို တိုက်ခိုက်တဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေက မန္တလေးတိုင်း တံတားဦးလေတပ်နဲ့ မိတ္ထီလာလေတပ်စခန်းတွေက တက်လာကြတာလို့ ဝက်လက်သတင်းအချက်အလက်အဖွဲ့က အသိပေးပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ခံနေရတဲ့ မတ္တရာနယ်ဟာ စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ နန်းတွင်းနဲ့ ဆိုရင် မိုင် ၅၀ ကျော်သာဝေးပါတယ်။

စစ်ကောင်စီတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာနေရာနဲ့ မိုင် ၅၀ ကျော်ပတ်ချာလည်ရှိတဲ့ မတ္တရာနယ်က တပ်စခန်း ၃၅ ခုကိုသိမ်းယူထားပြီး ဖြစ်တယ်လို့ မန္တလေး PDF က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းသတင်းထုတ်ပြန်ဖူးပါတယ်။

စစ်ကောင်စီတပ်ဟာ လက်လွှတ်လိုက်ရတဲ့ မတ္တရာနယ်က စခန်းတွေကို ပြန်ရဖို့ ဝေဟင်က လေကြောင်းတိုက်ခိုက်သလို မြေပြင်ကလည်း ခြေလျင်တပ်တွေနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာပါ။

ဒါကြောင့်မတ္တရာနယ်မှာ တိုက်ပွဲတွေ နေစဉ်နီးပါး ဖြစ်ပွားနေတယ်လို့လည်း မန္တလေး PDF က ပြီးခဲ့တဲ့ ရက်ပိုင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook