Connect with us

Hi, what are you looking for?

သတင်း

လုယက်မှုများကြောင့် ရွှေဆိုင်များလုံခြုံရေးတိုးမြှင့်ထားရန် ရွှေလုပ်ငန်းရှင်များအသင်း သတိပေး

လုယက်မှုများကြောင့် ရွှေဆိုင်များ လုံခြုံရေးတိုးမြှင့်ထားရန် ရွှေလုပ်ငန်းရှင်များအသင်းက သတိပေး ထုတ်ပြန်သည်။

စက်တင်ဘာ ၁၀ ရက်ကလည်း မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်အား ဓားပြတိုက်သူများအား CCTVမှတ်တမ်းမှ တွေ့ရစဥ်

ရဲခေါင်/People’s Spring

လုယက်မှုများကြောင့် ရွှေဆိုင်များ လုံခြုံရေးတိုးမြှင့်ထားရန် ရွှေလုပ်ငန်းရှင်များအသင်းက သတိပေး ထုတ်ပြန်သည်။

ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်တွင် CCTV တပ်ဆင်ထားသည့်အတိုင်း မိမိနေထိုင်ရာ အိမ်ပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင်လည်း CCTV ကင်မရာများတပ်ဆင်ရန်နှင့် အရေးပေါ်အချက်ပေး စနစ်များတပ်ဆင်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရွှေ၊ငွေသယ်သည့် ကားများတွင်ပါ ကင်မရာနှင့် GPS များတပ်ဆင်ခြင်းဖြင့် ကြိုတင်ကာကွယ်ရန်လည်း ထပ်မံအသိပေးထားသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက လှိုင်မြို့နယ်က မြရွှေယုံရွှေဆိုင်က ရွှေတွေလမ်းမပေါ်မှာ အနုကြမ်းစီးခံရတယ်။ရွှေငါး ပိဿာလောက်ပါသွားတယ် ပြောတယ်။ မမိသေး ဘူး။အဲဒါကြောင့် တခြားရွှေဆိုင်ပိုင်ရှင်တွေ သတိထားလို့ရအောင်စာထုတ်တာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်းအသင်းမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ၁၀ ရက်ကလည်း မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်မှ ရွှေ၁၀ပိဿာ‌ကျော်နှင့် ကျပ်သိန်း ၁၀၀၀ ဓားပြတိုက်ခံခဲ့ရသည်။

Data For Myanmar နှင့် People’s Spring ၏အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ရွှေဆိုင်လုယက်ခံရသည့် ဖြစ်စဥ် ၆၁ခုထက်မနည်းရှိသည်။

ရွှေဆိုင်လုယက်၊ဖောက်ထွင်မှုများအနက် ဖြစ်စဥ်များ၏ ၂၀ရာခိုင်နှုန်းဝန်းကျင်ကိုသာ စစ်ကောင်စီက ဖမ်းဆီးနိုင်ခဲ့သည်။

ရွှေဆိုင်လုယက်ဖောက်ထွင်းမှုသည် ရန်ကုန်နှင့် မန္တလေးတို့တွင် အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း ကချင်နှင့် ရှမ်းပြည်နယ်တို့လည်း ပါဝင်နေသည်။

ထိုကဲ့သို့ ဓားပြတိုက် လုယက်မှုဖြစ်စဉ် အများစုမှာ စစ်ကောင်စီ​၏ အဖွဲ့ဝင်များနှင့် ပျူစောထီးက ပြုလုပ်နေခြင်းဟု ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။