Connect with us

Hi, what are you looking for?

သတင်း

လားရှိုးနှင့် သိန္နီကို စစ်ကောင်စီ ယနေ့ည ထပ်မံ လေကြောင်းတိုက်ခိုက်

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးနှင့် သိန္နီမြို့ကို စစ်ကောင်စီက ယနေ့ည ၈နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့အား ယနေ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးနှင့် သိန္နီမြို့ကို စစ်ကောင်စီက ယနေ့ည ၈နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ (အောက်တိုဘာ ၂၅ရက်) နေ့လည် ၁နာရီ ၁၃ မိနစ်မှ ၁နာရီ ၄၅ မိနစ်အကြား လားရှိုးမြို့ပေါ်သို့ လေကြောင်းမှ ၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ညပိုင်း၌ ထပ်မံ၍ တိုက်ခိုက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” လားရှိုးကို ၈နာရီ ၅မိနစ်မှာ တစ်လုံးထပ်ကြဲတယ်။ အေတီတံတားအနီးတဲ့။ မြို့စွန်လောက်ကျတာပေါ့။ သိန္နီမှာလည်း တစ်လုံးကြဲတယ်။ ၈နာရီ ၄မိနစ်မှာပါ။ သိန္နီက နေရာအတိအကျ မသိရသေးဘူး”ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

ယနေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းက လားရှိုးမြို့လေကြောင်း တိုက်ခိုက်ခဲ့မှုအတွင်း အရပ်သား တစ်ဦးသေဆုံးခဲ့သည်ဟု MNDAAက အသိပေးထားသည်။

MNDAAက လားရှိုးမြို့ သိမ်းပိုက်ပြီးနောက် ဩဂုတ် ၃၀ရက်မှစ၍ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်ထိ လားရှိုးမြို့ နှင့် မြို့နယ်အတွင်း အကြိမ် ၃၀ ထက်မနည်း လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူများ သေဆုံးထိခိုက်ကာ နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ရသည်။

” စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာက ပြည်သူတွေပဲ အလူးအလဲ ခံရတာမို့ ရပ်တန့်သင့်ပါပြီ”ဟု လားရှိုးဒေသခံ မနော်ဖောက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။