Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

ရန်ကုန် – ပဲခူးလမ်းပိုင်းရှိ လှည်းကူးမြို့မရဲစခန်းအဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦး ထိခိုက်ကြောင်း Operation Flame (OF)အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတိုး/People’s Spring

ရန်ကုန် – ပဲခူးလမ်းပိုင်းရှိ လှည်းကူးမြို့မရဲစခန်း အဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦး ထိခိုက်ကြောင်း Operation Flame (OF)အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“မြေပြင်သတင်းအရက ရခသုံးကောင်ထိပါတယ်။ ရဲစခန်းထဲက ကားနဲ့ သယ်ထုတ်ပြီး ဆေးရုံကို တန်းသယ်ထုတ်သွားတယ်ဆိုတာ မြေပြင် သတင်းရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို အောက်တိုဘာ ၁၄ရက် ညနေ ၆နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ၎င်းကဆိုသည်။ အဆိုပါစစ်ဆင်ရေးကို ယနေ့မှ ထုတ်ပြန်အသိပေးလာခြင်း ဖြစ်သည်။

ထို့ပြင် OFအဖွဲ့အနေဖြင့် ရန်ကုန်တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်မည်ဟု အသိပေးထားသည်။

OFအဖွဲ့အနေဖြင့် ၂၀၂၄အတွင်း ရန်ကုန်မြို့၌ စစ်ဆင်ရေး ၁၅ကြိမ်နှင့် ရှင်းလင်းရေးတစ်ကြိမ် ၊ မန္တလေးမြို့၌ စစ်ဆင်‌ရေးတစ်ကြိမ် စုစုပေါင်း စစ်ဆင်ရေး ၁၇ကြိမ် လုပ်ဆောင်ထားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊မြို့မရဲစခန်းကိုအဝေးထိန်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ သန်လျင်တံတားအဆင်းရှိ ပြည် သူများထံ ငွေကြေးကောက်ခံနေသည့် စစ် ကောင်စီတပ်ဖွဲ့ ဝင်များအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့တာဝန်ရှိသူက ပြောသည်။