Connect with us

Hi, what are you looking for?

သတင်း

လူသားချင်းစာနာမှု အကူအညီများဟန်ပြမဖြစ်စေရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအရ အသုံးချမခံရရေးလိုအပ်ဟု KNU ပြော

အာဆီယံ ဘုံသဘောတူညီချက် ၅ရက်အနက် အရေးပါသည့် အချက်သုံးချက်မှာ အကြမ်းဖက်မှုတွေလျှော့ချရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲ၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန်တို့ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

(ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသအတွင်း ခိုလှုံနေကြသော မြန်မာစစ်ရှောင်များ။ ဓာတ်ပုံ - Getty Images)
(ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသအတွင်း ခိုလှုံနေကြသော မြန်မာစစ်ရှောင်များ။ ဓာတ်ပုံ - Getty Images)

ဟန်နွေ/People’s Spring

အာဆီယံအပါအဝင်နိုင်ငံတကာ၏ လူသားချင်းစာနာမှုအကူအညီများသည် ဟန်ပြမဖြစ်စေရန်လိုအပ်ပြီး လူသားချင်းစာနာမှု အခြေခံမူများနှင့် ကိုက်ညီသည့်ပေးအပ်မှုဖြစ်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားသည်။

နိုဝင်ဘာ ၅ရက်တွင် ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် K2C (KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF)တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် KNU အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံ၏ ဘုံသဘောတူညီချက်၌ ပါရှိသည့် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ရက်အနက် အရေးပါသည့် အချက်သုံးချက်မှာ အကြမ်းဖက်မှုတွေလျှော့ချရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲ၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန်တို့ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

Public Service Announcement

Public Service Announcement

“လူသားချင်းစာနာထောက်ထားမှု အကူအညီ နဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေသူတွေဟာ စစ်ကောင်စီ လက်အောက်တခုတည်း တင်မကပါဘူး၊။ ERO, NUG တို့ရဲ့ ထိန်းချုပ်မှုအောက်မှာခိုလှုံနေတဲ့ ပြည်သူများစွာ လဲရှိပါတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ အကူအညီ လိုအပ်သူတွေဆီကိုပေးပို့ရာမှာ Humanitarian Principles တွေနဲ့ကိုက်ညီတဲ့ ပေးအပ်မှု ဖြစ်ခြင်း၊ မဖြစ်ခြင်းကို စောင့်ကြည့်လေ့လာခြင်းနှင့်အတူ တာဝန်ယူ၊ တာဝန်ခံမှု ရှိအောင်ပြုလုပ်ရမဲ့ mechanism လိုအပ်ပါတယ်။ Mechanism မရှိဘဲ ဒီအတိုင်းပေးနေတာဟာ စစ်ကောင်စီ ကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကနေ နိုင်ငံရေးအရ အသုံးချဖို့ ဖန်တီးဖြစ်ပေါ် စေနေလို့ ဖြစ်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောသည်။

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ဆောင်ရွက်နေသည့် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Center)က ဆောင်ရွက်နေသည့် အကူအညီပေးအပ်မှုတွင် အားနည်းချက်များ ရှိနေကြောင်းကိုလည်း ပဒိုစောတာဒိုမူးက ထောက်ပြခဲ့သည်။

” AHA Center က ထောက်ကူနေတဲ့ အကူအညီတွေဟာ Window dressing လို့ပြောနိုင်တဲ့ ဟန်ပြ ထောက်ကူမှုတွေဖြစ်တာကိုလဲ တွေ့နေရတာက စိတ်မကောင်းစရာဖြစ်ပါတယ်။

အဲကြောင့် Humanitarian delivery mechanism တွေကို ပွင်းလင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှု တွေနဲ့အတူ၊ စောင့်ကြည့်လေ့လာမှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အခြေခံမူတွေ ကို လိုက်နာအောင် လုပ်ရမဲ့ နည်းလမ်းတွေနဲ့ တွဲဖက်ပြီး တစုံလုံးပါဝင်တဲ့ ယန္တရား (mechanism) ဖြစ်ပေါ်လာဖို့ တောင်းဆိုပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

တစ်ဖက်တွင်လည်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ တိုးမြင့်၍ ပေးအပ်သွားရန်အတွက် တစ်နိုင်ငံချင်း သို့မဟုတ် စုပေါင်း၍ လုပ်ဆောင်နိုင်သည့် လက်တွေ့ ကျသော ခြေလှမ်းများကို ရှာဖွေသွားရန်လိုအပ်ကြောင်း KNU တာဝန်ရှိသူက တိုက်တွန်းသည်။

” စစ်ကောင်စီက သူတို့ရဲ့ ရှေ့လုပ်ငန်းစဥ် (၅)ရပ်ကို ကြေငြာလိုက်တာက ASEAN 5 Points Consensus ကို မလုပ်ဘူးလို့ ASEAN ကို အသိပေးလိုက်တာဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ စစ်တပ်ရဲ့ ရှေ့လုပ်ငန်းစဥ်ထဲက အဓိကကျတာက ရွေးကောက်ပွဲ ကျင်းပဖို့ဘဲဖြစ်ပါတယ်။ ASEAN 5 Points Consensus ထဲက သူလိုချင်တာက Humanitarian Aid ဘဲဖြစ်ပါတယ်။ စစ်ကောင်စီ (စကစ) မှ အဆိုပြုထားသည့် ရွေးကောက်ပွဲတွေဟာ ပဋိပက္ခများကို ပိုမိုပြီး ပြင်းထန်လာနိုင်စေပြီး တည်ငြိမ်မှု နှင့် ငြိမ်းချမ်းရေးကိုလည်း ယူဆောင်ပေး လာနိုင်မည် မဟုတ်ပါဘူး”ဟုလည်း ပဒိုစောတာဒိုမူးက ပြောသည်။

လူသားချင်းစာနာမှု အခြေခံမူများ မလိုက်နာသည့် နိုင်ငံတကာက ပို့ဆောင်သည့် အကူအညီများသည် တိုင်းရင်းသားများနှင့် NUG အုပ်ချုပ်ရေးနယ်မြေရှိ ဒုက္ခသည်များအတွက် အကြီးအကျယ် ဒုက္ခတွေ့စေသောကြောင့် အပြိုင်ပို့ဆောင်မှုစနစ်ကို အသုံးပြုရန် KNU တာဝန်ရှိသူက တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook