Connect with us

Hi, what are you looking for?

သတင်း

တရုတ်က နယ်စပ်ဂိတ်များပိတ်ထား၍ KIAက လိုင်ဇာနှင့်လွယ်ဂျယ်အပါအဝင် ဂိတ်အချို့၌ အတားအဆီးပြန်ချထား

KIA ဌာနချုပ်လိုင်ဇာ နှင့် KIAသိမ်းပိုက်ထားသည့် လွယ်ဂျယ် ဂိတ်အပါအဝင် ဂိတ်အချို့ကို နိုဝင်ဘာ ၁၁ရက်မှစ၍ KIAဘက်ခြမ်းက စတင်ပိတ်ထားသည်ကို တွေ့ရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

(KIAက နယ်စပ်ဂိတ်အချို့ကို အတားအဆီးများချထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KIAက နယ်စပ်ဂိတ်အချို့ကို အတားအဆီးများချထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဖိအားပေးသည့် အနေဖြင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ် နယ်မြေရှိ နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ထားရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထိန်းချုပ်နယ်မြေရှိဂိတ်အချို့တွင် KIA က အတားအဆီးများ ပြန်ချထားကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

KIA ဌာနချုပ်လိုင်ဇာ နှင့် KIAသိမ်းပိုက်ထားသည့် လွယ်ဂျယ် ဂိတ်အပါအဝင် ဂိတ်အချို့ကို နိုဝင်ဘာ ၁၁ရက်မှစ၍ KIAဘက်ခြမ်းက စတင်ပိတ်ထားသည်ကို တွေ့ရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။

” ပြီးခဲ့တဲ့ အောက်တိုဘာ (၂၃)နေ့တော့ လွယ်ဂျယ်ဂိတ်ကနေ တရုတ်တွေ ငှက်ပြောသီးကား အစီးရေ (၄၀) ကျော်လောက်လာမောင်းယူပါသေးတယ် ၊ မြန်မာဘက်ခြမ်းစိုက်ထားတဲ့ငှက်ပြောသီးတွေကို သူတို့နိုင်ငံထဲတင်သွင်းတာပါ။ တရုတ်ဘက်ခြမ်းက မြန်မာဘက်ခြမ်းကို ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားတာတော့ကြာပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်ပြီး” တရုတ်မြန်မာနယ်စပ်တကြောရှိ KIA MNDAA UWSA NDAA အဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်က ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားတာပါ ၊ အဓိကတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးတဲ့သဘောလို့မြင်ပါတယ်”ဟု ပြောသည်။

(KIAက နယ်စပ်ဂိတ်အချို့ကို အတားအဆီးများချထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(KIAက နယ်စပ်ဂိတ်အချို့ကို အတားအဆီးများချထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

တရုတ်ဘက်က ဂိတ်ပိတ်ထားသော်လည်း ၎င်းတို့ အလိုရှိပါက ဂိတ်များဖွင့်ပြီး လိုသလို လုပ်ဆောင်နေမှု ရှိသည့် အခြေအနေကို ဒေသခံက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

နယ်စပ်ဂိတ်ပိတ်ထားခြင်းနှင့်ပတ်သက်၍ KIA ဘက်က တစုံတရာ ထုတ်ပြန်ချက်မရသေးပေ။

လက်ရှိတွင် KIA ထိန်းချုပ်နယ်မြေ၌ လိုင်ဇာ၊ မိုင်ဂျာယန်၊ ပန်ဝါ၊ လွယ်ဂျယ်၊ ဖီမော အပါအဝင် နယ်စပ်ဂိတ် ၈ခုခန့်ရှိသည်ဟု ဆိုသည်။

နယ်စပ်ဂိတ်များ တရုတ်ဘက်က ပိတ်ထားခြင်းနှင့် KIA ဘက်ကလည်း အတားအဆီး ပြန်ချထားသည့် မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာခြင်း အခြေအနေများနှင့်ပတ်သက်ပြီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို သဘောထား မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

” တရုတ်အစိုးရက စကစကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နယ်စပ်ဂိတ်တွေကို စစ်ရေး နိုင်ငံရေးဗျူဟာအရ ပိတ်ဆို့နေတာပါ။လွယ်ဂျယ်နဲ့ လိုင်ဇာ နယ်စပ်ဂိတ်နှစ်ခုကိုပိတ်ထားတာတော့ တွေ့ရပါတယ်။တစ်ခုတော့ အားလုံးသိထားဖို့လိုမယ်။ အခုတရုတ်ဘက်က နယ်စပ်ဂိတ်တွေမှာ ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားတာဟာ KIA MNDAA TNLA တွေကိုပဲဖိအားပေးနေတာမဟုတ်ဘူး မြန်မာတစ်နိုင်ငံလုံးကို ဆိုးကျိုးသက်ရောက်နေတာပါ”ဟု စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

တရုတ်အစိုးရသည် စစ်ကောင်စီကို သက်ဆိုးရှည်အောင် အသက်ဆက်ပေးနေသည့် အဓိကတရားခံဟု ၎င်းက ဆိုသည်။

တရုတ်၏ ဖိအားသည် KIA၊ MNDAAနှင့် TNLA တပ်ဖွဲ့များကိုသာ မက တစ်နိုင်ငံလုံး၏ နွေဦးတော်လှန်ရေး ခရီးစဉ်ကိုထိခိုက်စေကြောင်း ဦးဇော်ဆန်က ပြောသည်။

” စကစအဖွဲ့ရဲ့ တရုတ်ခရီးစဉ်အပြန် မိုးကုတ်နဲ့နောင်ချိုမှာဖြစ်သွားတဲ့ဖြစ်စဉ်က စကစကနေ လူအစုလိုက်၊ အပြုံလိုက် လေကြောင်းနဲ့သတ်ဖြတ်သွားတာကိုကြည့်ရင် စကစကို တရုတ်က ကာကွယ်သွားမယ်ဆိုတဲ့အာမခံချက်တစ်ခုခုရလာပြီဆိုတာသေချာပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် စစ်ကောင်စီသည် နောင်ချို၊ မိုးကုတ်စသည့် မြို့များတွင် ပြည်သူလူထုများကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည်။ နိုဝင်ဘာ ၁၂ရက်တွင် စစ်ကောင်စီက နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည်စည်းကားနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲခဲ့ရာ ဒေသခံနှင့် ခရီးသွား ၁၁ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၃ရက်တွင်လည်း နောင်ချိုမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ နိုဝင်ဘာ ၁၁ရက် ညသန်းခေါင်တွင် မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၉ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျွန်းလှနဲ့ ခင်ဦးမှာလည်း မွေ့နေ့အမှတ်တရ သစ်ပင်တွေ စိုက်ပျိုး

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။