Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်နေ၍ ပြည်သူများတိမ်းရှောင်နေရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တွင်းငယ်ကျေးရွာတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

▪️လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိနှစ်ဦး သေဆုံး

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ သားအမိနှစ်ဦးသေဆုံးကာ ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာရှိ တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း(တကသ -၁၃)ကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထား၍ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် နံနက် ၉ နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှလာသော ဂျက်ဖိုက်တာတစ် စီးသည် တွင်းငယ်ရွာအနီးရှိ ရေညာဦးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ (၆)နှစ်အရွယ်နှင့် ၎င်း၏မိခင်တို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မအေဖြစ်တဲ့သူက ပေါင်ပြတ်သွားတယ်။ သားအမိနှစ်ယောက်ဆေးရုံပို့တာကို သွေးထွက်လွန်ပြီး လမ်းမှာတင်ဆုံးတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ၈ မိနစ်ခန့်အကြာတွင် တွင်းငယ်ရွာအနီးရှိ ကျောက်ဖြူကျေးရွာကိုပါ စစ်တပ်က ဗုံးသီး နှစ်လုံးကြဲချပြီး လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တွင်းငယ်ကျေးရွာတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

“စစ်ရှောင်ကတော့များတယ်။ တပ်တွေနားမှာရှိတဲ့ရွာတွေ ပတ်ပတ်လည်ကရွာတွေ လက်နက်ကြီးရမ်းပစ်နေတဲ့အတွက်ကြောင့် စစ်ရှောင်ကတော့ များနေတဲ့အနေအထားရှိတယ်။”ဟု ဒေသခံစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့သည့်သြဂုတ် ၂၅ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။