Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့တွင် စစ်ကောင်စီကင်းအဖွဲ့တိုက်ခိုက်မှု ၅ဦးသေ၊ လက်နက် ၅လက်ရဟု ရေဖြူPDF အသိပေး

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။

(စစ်ကောင်စီလမ်းကင်းအဖွဲ့ထံမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - YPPDF)
(စစ်ကောင်စီလမ်းကင်းအဖွဲ့ထံမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - YPPDF)

ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စစ်ကောင်စီလမ်းကင်းအဖွဲ့ကို နိုဝင်ဘာ ၁၈ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး လက်နက်များရရှိခဲ့ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က အသိပေးသည်။

နိုဝင်ဘာ ၁၈ရက် နံနက်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်အကြား၌ သုံးဘီးယာဉ်အသုံးပြု၍ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်းအရ စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၅ဦးသေဆုံး ၂ဦး ဒဏ်ရာရရ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း YPPDF သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီထံမှ MA1 (၃)လက်၊ MA3 (၁)လက်၊ MA2 စက်ကလေး(၁)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုအား ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)နှင့် ဓဝယ် အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အသိပေးသည်။

” ပြည်သူများကိုလည်း စစ်ရေးပစ်မှတ်နဲ့ အနီးအနားမှာ မနေဖို့နဲ့ စစ်ရေးသတင်းနားစွန့် သွားလာကြဖို့ တိုက်တွန်းလိုပါတယ်”ဟု YPPDF တာဝန်ရှိသူက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။

ထို့ပြင် တော်လှန်ရေးနှင့်စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော် များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းကြပါရန် တိုက်တွန်း ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook