Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့်အဓိကကုန်ထုတ်လမ်း ပျက်စီးသွား၍ ဒေသခံများ အခက်ကြုံနေ

(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာချင်းတွင်းမြစ်ကမ်းပြိုကျလို့ အဓိကကုန်ထုတ်လမ်းတစ်ခုပျက်စီးသွားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲကြုံတွေ့နေရပါတယ်။

ကနီမြို့နယ်၊ ကနဲရွာအရှေ့ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဘုတလင်နယ်ကို သွားတဲ့ အဓိက ကုန်ထုတ်လမ်းဟာ မြစ်ရေတိုက်စားပြီးတဲ့နောက် အက်ကြောင်း​တွေ ဖြစ်ပေါ်လာပြီး ကွန်ကရစ်လမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

ဒါကြောင့် ပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဓိက ကုန်ထုတ်လမ်းဖြစ်တော့လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးအတွက်အဓိက အခက်အခဲကြုံကြရတယ်။ စကစရဲ့ တပ်တွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ် တွေ သင်္ဘောတွေနဲ့လာရင် အခုပျက်စီးသွားတဲ့လမ်းကိုပဲ ပြည်သူတွေ​က အဓိကအသုံးပြုကြရတာ။”လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

အဲဒီမြစ်ကမ်းပြိုကျမှုကြောင့် ကနဲရွာနဲ့ ညောင်ဝန်းရွာတွေပါ ကမ်းပါးပြိုကျမည့်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကနဲရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်က တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီ (၁၇)ဆူလည်း မြစ်ကမ်းဘေး အက်ကြောင်းထတဲ့ နေရာအနီးမှာ တည်ရှိနေတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးမယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)
(ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းပြိုကျမှုကြောင့် အဓိက ကုန်ထုတ်လမ်းပိုင်း ပျက်စီးနေသည်ကို တွေရစဥ်။ဓာတ်ပုံ-Pyae Aung Naing-Kani)

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအား ကောင်းနေတဲ့ မကွေးတိုင်းက ပခုက္ကူနဲ့ ရေစကြို၊ မန္တလေးတိုင်းက မြင်းခြံ၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေမှာလည်း ကျွန်းပေါ်နဲ့ မြစ်ဘေးကျေးရွာတွေ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုအန္တရာယ် ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။