Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် တစ်ပတ်အတွင်း ပြည်သူ ၈ဦး သေဆုံး

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၈ဦးသေဆုံးပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၅၁ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

(ကရင်ပြည်နယ်တွင် ယခု နိုဝင်ဘာအတွင်း စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(ကရင်ပြည်နယ်တွင် ယခု နိုဝင်ဘာအတွင်း စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)

▪️စစ်မှုမ်းရန်စုဆောင်းခံရသူအများစုအပါအဝင် ပြည်သူ ၅၀ကျော်ကိုလည်း ဖမ်းဆီးထား

ဟန်နွေ/People’s Spring

ကရင်၊ ပဲခူး၊ မွန်၊ တနင်္သာရီဒေသများ ပါဝင်သည့် တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် တစ်ပတ်အတွင်း ပြည်သူ ၈ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၈ဦးရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့(နိုဝင်ဘာ ၂၄ရက်)တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခြင်းမရှိသော်လည်း တောင်ပိုင်းစစ်ဒေသ နယ်မြေများအတွင်း စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၈ဦးသေဆုံးပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၅၁ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများအနက် ပဲခူးတိုင်း ဖြူးမြို့နယ် လိပ်ပေါကျေးရွာတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြုပ်မိုင်းကြောင့် ပြည်သူတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟု အသိပေးသည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပါဝင်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)၊ မူး(မုန်း) မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

မှုများကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ပြည်သူသေဆုံးထိခိုက်မှု ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်ခဲ့သည်ကို KNU၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဖမ်းဆီးခံရသူအများစုမှာ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ အဓမ္မစစ်မှုထမ်းခိုင်းရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

ထို့ပြင် ဖမ်းဆီးခံရသူအချို့ကို ပါလာသည့်ပစ္စည်းများအား မတရားသိမ်းဆည်း၍ ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာအတွင်းကလည်း တောင်ပိုင်းစစ်ဒေသနယ်မြေ၌ စစ်ကောင်စီက စစ်သားစုဆောင်းရန် အပါအဝင် အဓမ္မဖမ်းဆီးခဲ့သည့် ပြည်သူ ၂၂၀ ကျော်ရှိသည်ဟု တောင်ပိုင်းစစ်ဒေသ၏ လအလိုက်စစ်ရေးအခြေအနေနှင့်

ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ် အသိပေးချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီး ကြဲချခြင်းများ ပြုလုပ်ခဲ့ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။