Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီနှင့် မွန်ဒေသရှိ တော်လှန်ရေးတပ်များ ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ခိုက်ရန်ကြိုးပမ်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်း၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)
(ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း)

ထားမြတ်/People’s Spring

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ မြေပြင်တော်လှန်ရေးတပ်ဖွဲ့များ အတူတကွပေါင်းစည်းပြီး အမိန်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှ စစ်ကောင်စီကို တိုက်ခိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးစောဒါးကို က ပြောသည်။

နိုဝင်ဘာ ၂၄ရက်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ဖွဲ့ လေးခုနှင့် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်း နှစ်ရင်းတို့ တပ်ပေါင်းစု ဖွဲ့စည်းမှု အခြေအနေ၊ ယနေ့ (နိုင်ဝင်ဘာ ၂၅ရက်)တွင် အမျိုးသားအောင်ပွဲနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ရာတွင် ပြန့်ကျဲနေသည့်တော်လှန်ရေးတပ်ဖွဲ့များ PDF

တပ်ရင်းများနှင့်အတူ ချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်ရန် ဖိတ်ခေါ်မှု အခြေအနေနှင့်ပတ်သက်ပြီး ဒေါနစစ်ကြောင်းမှူးက ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အခုလည်း ကျနော်တို့ တနင်္သာရီ ဘက်မှာရော မွန်ဒေသဘက်မှာရော မြေပြင်မှာ ရှိတဲ့အဖွဲ့တွေ အားလုံးပေါင်းစည်းဖို့ အတွက် တဖက်မှာ စစ်ဆင်ရေးလုပ်နေတာရှိသလို တဖက်မှာလည်း အားလုံးပေါင်းစည်းပြီး သွားဖို့ အတွက် ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။ပူးပေါင်းတဲ့နေရာမှာလည်း တဦးကို တဦး အတ္တကင်းကင်း မာန်မာနတွေချပြီး အဓိက ပြည်သူအတွက်ရည်ရွယ်ပြီး အာဏာရှင်စနစ် ပြုတ်ကျဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်ကို ဦးတည်ပြီး ဆုံးဖြတ်ချက်တွေအဓိက လုပ်မယ်ဆို မအောင်မြင်စရာ အကြောင်းမရှိပါဘူး”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

မြေပြင်ရှိ ပကဖ၊ PDF၊ ဒေသကာကွယ်ရေးတပ်နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားလုံး ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ခိုက်ပါက အောင်မြင်မှုရမည်ဟုလည်း ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ ညွှန်ကြားမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်း၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

” ကျနော်တို့ တနင်္သာရီတိုင်းမှာ ပေါ့နော် မနေ့ကတော့ မြေပြင်မှာရှိတဲ့ လိုကယ်တွေ ပကဖတွေ ကျနော်တို့ PDF တပ်တွေ ပေါင်းစည်းပြီး ပူးပေါင်းစစ်ဆင်ရေးလုပ်ဖို့ ညှိနှိုင်းတိုင်ပင်တဲ့ဟာတွေရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အနေနဲ့က အကောင်းဆုံးဖြစ်သင့်တယ်။ တကယ်လည်း ဖြစ်လည်း ဖြစ်တိုက်တဲ့ဟာပေါ့။ပေါင်းစည်းပြီးတော့ လုပ်မှပဲ အဆင်ပြေတာပေါ့။ မဟုတ်ဘူးဆိုရင် သူကတစ်ဖွဲ့၊ ငါက တစ်ဖွဲ့လုပ်နေမယ်ဆို တော်လှန်ရေးက ကြာသွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာလည်းတော်လှန်ရေးက အကန့်အသတ်ရှိတယ်။လူထုအတွက်လည်း အကန့်အသတ်ရှိတယ်။ တော်လှန်ရေးအတွက်လည်း အကန့်အသတ်ရှိတယ်”ဟု ဒေါနစစ်ကြောင်းမှူးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြန့်ကျဲနေသည့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် PDFတပ်ရင်းများနှင့် ချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်ကြရန် ယနေ့ ဖိတ်ခေါ်ထားသည်။

” လက်နက်ကိုင်တော်လှန်ရေးကို ကျနော်တို့က မလွှဲသာမရှောင်သာဆင်နွှဲနေရတဲ့ အခြေနေပေါ့နော်။ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲတဲ့အခါမှာ တစ်ယောက်တမျိုးကိုယ်အဆင်ပြေတာ လုပ်နေတာမျိုးဆိုရင်ပေါ့နော် ဒါ ဘယ်လိုမှလည်း ကြီးမားတဲ့အောင်မြင်မှုတွေ မရနိုင်ဘူး။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့လည်း အလွယ်တကူ ဖြိုခွင်းလို့ရနိုင်တာပေါ့နော်။ အဲအတွက်ကြောင့် စစ်ရေးမှာလည်းပဲ ခိုင်မာတဲ့လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေ အင်မတန်အရေးကြီးတဲ့အခြေအနေလို့ ကျနော်တို့က ယုံကြည်ပါတယ်။ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေလည်းပဲ အမြဲတမ်းတံခါးဖွင့်ထားပြီးတော့ အမြဲတမ်းဖိတ်ခေါ်နေတာ ဖြစ်ပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက်မှ စစ်ရေးဖော်ဆောင်ရာတွင် ဦးဆောင်နိုင်သည့်သူများကို ဦးဆောင်ခိုင်းပြီး နောက်မှ လိုက်ပါ ဆောင်ရွက်ရန်အားလုံးပြင်ဆင်ထားသည်ဟု ဒေါနစစ်ကြောင်းမှူးက ပြောသည်။

” အတိုင်းပဲ ပုံမှန်အတိုင်း သွားနေမယ်ဆိုရင် လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ဖို့ထက်ကိုယ်ကျိုးစီးပွားလုပ်ဖို့အတွက်လို့ အဲဒီလိုပဲ မြင်တယ်။ဖြစ်နိင်မယ်ဆိုရင် မြေပြင်မှာ တချို့ကျန်ခဲ့တဲ့ အဖွဲ့တွေလည်း သေသေချာချာ တိုက်တွန်းနှိုးဆော်ပြီး အားလုံး ပေါင်းစည်းဖို့အတွက် ကျနော်တို့က လက်တွဲခေါ်ဖို့ အဆင်သင့်ပဲ”ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ တစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

သတင်း

နိုဝင်ဘာ၂၇ ရက်ကလည်း AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာသည့်အပေါ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောတပ်တော်တာဝန်ရှိသူက ပြောသည်။

သတင်း

ယမန်နေ့ စခန်းသိမ်း တိုက်ပွဲများအတွင်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဘက်မှ ကျဆုံးမှုမရှိဟု သတင်းရရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

Facebook