Connect with us

Hi, what are you looking for?

သတင်း

ကချင်အထူးဒေသ(၁)နယ်မြေ သတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ကြေညာ

သတ်မှတ်ခဲ့သော စစ်အာဏာရှင်များ၏လုပ်ရပ်ကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွှတ်မှုကို ထိခိုက်စေခဲ့ကြောင်း KIOက ဖော်ပြသည်။

(ကချင်အထူး​ဒေသ (၁ )ဆိုင်းဘုတ်။ ဓာတ်ပုံ - CJ)
(ကချင်အထူး​ဒေသ (၁ )ဆိုင်းဘုတ်။ ဓာတ်ပုံ - CJ)

▪️ထိန်းချုပ်ဒေသများ၌ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရေး KIO ဖိ‌တ်ခေါ်၊ ဒေသဖွဲ့ဖြိုးရေးအတွက် ကတိပြု

ဟန်နွေ၊အိမ်သွင်/People’s Spring

စစ်အာဏာရှင်အစိုးရများက အာဏာခိုင်မြဲစေရန်အတွက် ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့သော ကချင် အထူးဒေသ (၁)ဟူသည့် သတ်မှတ်ချက် မရှိတော့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ယနေ့ (နိုဝင်ဘာ ၂၈ရက်)တွင် ထုတ်ပြန်ကြေညာသည်။

KIO၏ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးစီးခဲ့သော ကချင်အထူးဒေသ(၁)တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

KIAသည် ယခုနှစ် ဇွန်လကစ၍ ကချင်အထူးဒေသ(၁)နယ်မြေတွင်ပါဝင်သော ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီမြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ယခု နိုဝင်ဘာတွင် နောက်ဆုံးလက်ကျန် ကန်ပိုက်တီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ သတ်မှတ်ခဲ့သော စစ်အာဏာရှင်များ၏လုပ်ရပ်ကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွှတ်မှုကို ထိခိုက်စေခဲ့ကြောင်း KIOက ဖော်ပြသည်။

ထို့အပြင် ကချင်လူမျိုးများသာမက ကချင်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁)ဟု ခွဲခြားသတ်မှတ် ထားသောနယ်မြေများကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကာ ယခုမှ စ၍ ကချင်အထူးဒေသ (၁)ဟူသော သတ်မှတ်ချက်မရှိတော့ဟု အသိပေးသည်။

ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားခြင်းစာနာ ထောက်ထားမှုအခြေခံသည့်မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုးစားတည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးသည်။

ထို့ကြောင့် ယခင်က ကချင်အထူးဒေသ (၁) အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဋ္ဌာနေ ပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIOနှင့် ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြပါရန် ဖိတ်ခေါ်ခဲ့သည်။

KIO ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ယခုကြေညာချက်ကို ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြကာ”ဖိတ်ခေါ်အပ်ပါသည်”ဟု ရေးသားခဲ့သည်။

ကချင်လူမျိုးများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ပြည်ထောင်စု ဖွဲ့စည်းမှုအဆင့်ဆင့်တွင် ပါဝင်ကြိုးပမ်းခဲ့ကြပြီး လွှတ်တော်တွင်းညှိနှိုင်းကြိုးပမ်းမှုများ မအောင်မြင်သောကြောင့် မလွှဲမရှောင်သာသည့် အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြရကြောင်းလည်း KIOက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook