Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအရှေ့ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

မတ္တရာမြို့ နဲ့ ၃ မိုင်ခန့် အကွာ က ရွာတွေမှာ မနေ့ ဒီဇင်ဘာ ၂ ရက် နေ့ခင်းပိုင်းကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ သိရပါတယ်။

ဇူလိုင်လအတွင်း မတ္တရာမြို့ ၊ရေနံ့သာရဲစခန်းကို မန္တလေး PDF သိမ်းယူပြီးနောက်တွေ့ရပုံ
ဇူလိုင်လအတွင်း မတ္တရာမြို့ ၊ရေနံ့သာရဲစခန်းကို မန္တလေး PDF သိမ်းယူပြီးနောက်တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် အရှေ့ခြမ်းက ရွာတွေ ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေ နဲ့ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

မတ္တရာမြို့ နဲ့ ၃ မိုင်ခန့် အကွာ က ရွာတွေမှာ မနေ့ ဒီဇင်ဘာ ၂ ရက် နေ့ခင်းပိုင်းကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ သိရပါတယ်။

“တိုက်ပွဲက တစ်လှည့်စီဖြစ်နေတာ ၊ အခုအရှေ့ခြမ်းဘက်မှာဖြစ်နေတယ်၊ စခန်းတော့ မဟုတ်ဘူး ရှေ့တန်းပွိုင့်တွေမှာ ထိပ်တိုက်တွေ့တာ” လို့ မတ္တရာမြို့နယ်အခြေစိုက် တော်လှန်ရေး အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့အရှေ့ခြမ်းက ကိုးလုံးပြွန် ၊ အညာကိုင်း ၊ရွေးရွာသစ် ၊ မြောင်းသစ် ရွာတွေ ဘက်မှာ တိုက်ပွဲ ဖြစ်တာလို့သိရပါတယ်။

မန္တလေး – မတ္တရာ ကားလမ်းဘေးမှာ ရှိတဲ့ ထီးတော်မိုးရွာ တပ်စခန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ္တရာအရှေ့ခြမ်း က အင်းကြင်းမြိုင်ရွာအခြေစိုက် အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် ၊ ဆည်တော်စခန်း၊ပန်းသလဲ တောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်၊ မြေနီတောင်နဲ့ အောင်သပြေကျေးရွာအနီး Alpha ဘိလပ်မြေစက်ရုံတပ်စခန်း အပါအဝင်စစ်ကောင်စီတပ်ရဲ့ စိုးမိုးကုန်းတွေ ကို မန္တလေး PDF က ပြီးခဲ့တဲ့ ဇူလိုင်အတွင်း သိမ်းယူ ထားခဲ့တာပါ။

မတ္တရာအရှေ့ခြမ်းကို လက်လွှတ်ရပြီးနောက်မှာ စစ်ကောင်စီတပ်က လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာရှိပါတယ်။

မတ္တရာအနောက်ခြမ်းကိုတော့ စစ်ကြောင်းထိုးပြီး စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းမှာ ပြန်လည် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မတ္တရာ အနောက်ခြမ်း မှာ သေဆုံးခဲ့ရတဲ့ အရပ်သား ၂၁ ဦးထိရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့အချို့ က စာရင်းကောက်ယူထားပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီး တွေနဲ့ သံဃာတွေ လည်း ပါဝင်ကြပါတယ်။

မတ္တရာမြို့ရဲ့ အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက် သုံးဆယ်ပေးကျေးရွာကစပြီး ရွာပေါင်း၅၀ကျော်က ပြည်သူတစ်သောင်းခွဲနဲ့ မြို့ အရှေ့ပိုင်းက ပြည်သူ တစ်သောင်းကျော် စုစုပေါင်း ပြည်သူ နှစ်ခွဲ သောင်းခွဲကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဓာတ်ပုံ – MDY-PDF

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။