Connect with us

Hi, what are you looking for?

သတင်း

တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပြည်သူများ၏ မျှော်လင့်ချက် ရိုက်ချိုး၍ မရ ၊တော်လှန်ရေး အလုပ်များ ခွန်ပြည့်အားပြည့်လုပ်ရန် ယာယီသမ္မတ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၃ရက် နံနက်က ကျင်းပစဉ် ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ပြီးခဲ့သည့်နှစ် မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG)
(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ပြီးခဲ့သည့်နှစ် မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG)

ထားမြတ်/People’s Spring

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ လူထုတရပ်လုံး၏ ယုံကြည်မျှော်လင့်ချက်များကို ရိုက်ချိုး၍မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး တော်လှန်ရေးလုပ်ငန်းများ ခွန်အားပြည့်လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၃ရက် နံနက်က ကျင်းပစဉ် ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

” အမျိုးသားညီညွတ်ရေးအစိုးရအပေါ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည် မျှော်လင့်ချက်တွေ များစွာရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ်လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ ပြသဖို့လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဆက်လက်လျှောက်လှမ်းရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခရီးကို အတူကျော်ဖြတ်ခဲ့ပြီးဖြစ်ကာ လက်ရှိအချိန်သည် အပြောင်းအလဲ ဖြစ်သကဲ့သို့ လမ်းဆုံလမ်းခွ ဖြစ်နေသည်ကို သတိရကြရန် မှာကြားသည်။

“တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေကယ်ထုတ်နိုင်မယ်ဆိုတာ သတိရကြဖို့ အလေးအနက် ထား တိုက်တွန်းချင်ပါတယ်။”ဟု ယာယီသမ္မတက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက နိုင်ငံပြင်ပရောက် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ပြည်တွင်းသို့ ပြန်လာကြရန် တိုက်တွန်းထားပြီး ယခု ဒီဇင်ဘာပထမပတ် အစည်းအဝေးတွင် တော်လှန်ရေးလုပ်ငန်းများ ခွန်ပြည့်အားပြည့်လုပ်ဆောင်ရန် ထပ်မံ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အစိုးရအဖွဲ့ဝင်များအနေဖြင့် ၂၀၂၄ကို ပြန်လည်သုံးသပ်ပြီး လာမယ့်နှစ် ၂၀၂၅အတွက် ပြင်ဆင်နေကြကြောင်း ပြောသည်။

” တော်လှန်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို အပြီးသတ်အောင်ပွဲဝင်နိုင်ဖို့ ဘက်ပေါင်းစုံက စဥ်းစားလုပ်ဆောင်ကြရသလို အစိုးရတစ်ရပ် အနေနဲ့လည်း ပြည်သူကို ဝန်ဆောင်မှုပေးနိုင်ဖို့ကဏ္ဍတွေနဲ့ အကာအကွယ်ပေးနိုင်ဖို့ ကဏ္ဍတွေကို တစ်ပြိုင်နက်စီမံ လုပ်ဆောင်ကြရတာမို့ တကယ့် ကို ပင်ပန်းခက်ခဲစွာ ရုန်းကန်နေကြရတဲ့ အစိုးရပဲ ဖြစ်ပါတယ်။ တော်လှန်‌ရေးအစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ ကြိုးစားအားထုတ်ခဲ့ကြပေမယ့် လိုအပ်ချက်တွေကတော့ရှိနေဆဲ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး လက်ခံပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးများပုံမှန်တွေ့ဆုံကြတဲ့ အစည်းအဝေးတွေမှာ မိမိတို့ရဲ့ အားသာချက်တွေကနေ တော်လှန်ရေး အရွေ့အတွက်အသုံးပြုနိုင်အောင် ကြိုးပမ်းကြဖို့နဲ့ မိမိတို့ရဲ့ အားနည်းချက်တွေကို အချိန်မှီ ပြန်လည်သုံးသပ် ဖြည့်ဆည်းကြဖို့ အထူးတိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။