Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ သစ်ရုံရွာကို စစ်တပ်နဲ့ပျုစောထီးဝင်ရောက်စီးနင်းရာ PDF ၂ ဦးကျဆုံး

သစ်ရုံကျေးရွာကို မြင်းခြံအခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းနဲ့ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးတပ်တွေ ဝင်ရောက် စီးနင်းတာလို့သိရပါတယ်။

မြင်းခြံမြို့ သစ်ရုံရွာကို စစ်တပ်နဲ့ပျုစောထီးဝင်ရောက်စီးနင်းရာ PDF ၂ ဦးကျဆုံး
မြင်းခြံမြို့ သစ်ရုံရွာကို စစ်တပ်နဲ့ပျုစောထီးဝင်ရောက်စီးနင်းရာ PDF ၂ ဦးကျဆုံး

ဆိုင်းမင်း၊ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မြောက်ဘက် ခြမ်းက သစ်ရုံကျေးရွာကို ဒီနေ့ မနက်အစောပိုင်း ၅ နာရီခွဲခန့်က စစ်ကောင်စီ တပ် ဝင်ရောက် စီးနင်းခဲ့ရာမှာ PDF ၂ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သစ်ရုံကျေးရွာကို မြင်းခြံအခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းနဲ့ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးတပ်တွေ ဝင်ရောက် စီးနင်းတာလို့သိရပါတယ်။

” ကျွန်တော်တို့ဘက်က ၂ဦးကျတယ်ဗျာ” လို့ မြင်းခြံမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားသောတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “”အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းသွားတဲ့သဘောပါဗျ” လို့ဆိုပါတယ်။

ရွာကို ဝင်စီးနင်းပြီးနောက် မနက် ၁၀ နာရီခန့်မှာတော့ သစ်ရုံကျေးရွာအနီးဝန်းကျင်မှာ တိုက်လေယာဥ်တွေ ဝဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်အချို့မှာ လည်း သစ်ရုံရွာကို စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းတပ်က ဝင်စီးရာ PDF တပ်ဖွဲ့ဝင် ၂ဦး သေဆုံးသွားတယ်လို့ ဖြန့်ဝေပါတယ်။

အဲဒီဖြန့်ဝေမှုမှာ သွေးအလိမ်းလိမ်းနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ဦးရဲ့ရုပ်အလောင်းနဲ့အတူ လက်လုပ်သေနတ် ၂ လက်ကို ထည့်သွင်း ဖော်ပြထားတာတွေ့ရပါတယ်။

သစ်ရုံကျေးရွာဟာ မြင်းခြံမြို့အနီးမှာရှိပြီး ပျူစောထီးတွေအထိုင်ချထားတဲ့ လယ်သစ်ကျေးရွာ အနီးမှာရှိတယ်လို့သိရပါတယ်။

မြင်းခြံမြို့နယ်မှာ ပျူစောထီးတွေဦးဆောင်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို မြင်းခြံမြို့တောင်ဘက်က ကူရွာ၊ကွမ်းစိုက်၊ခြေဆေးရွာတွေကို သိမ်းယူပြီး ယနေ့အထိတပ်စွဲထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။