Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တိုက်ပွဲတွေအတွင်း ရေစကြိုပကဖမှ ရဲဘော် ၁၈ဦးကျဆုံး

ရေစကြိုပကဖအနေနဲ့ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေမှာ ရဲဘော်(၁၈)ဦးအထိ ကျဆုံးခဲ့တယ်လို့ ရေစကြိုပကဖက အသိပေးပါတယ်။

(လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားအား ပြုလုပ်နေစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားအား ပြုလုပ်နေစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

ဟာနာဆန်/People’s Spring

စစ်ကောင်စီကို တော်လှန်နေတဲ့ ရေစကြိုပကဖအဖွဲ့မှာ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲများအတွင်းမှာ ရဲဘော် ၁၈ဦးအထိ ကျဆုံးခဲ့ရကြောင်း ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)က သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြိို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားကို ရေစကြိုမြို့နယ်တနေရာမှာ ဒီနေ့(ဒီဇင်ဘာ၇ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ရေစကြိုပကဖက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၇ ရက်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ စခန်းသိမ်းခါနီး လေကြောင်းတိုက်ခိုက်ခံရလို့ ရေစကြိုပကဖအဖွဲ့နဲ့ တခြားမဟာမိတ်အဖွဲ့တွေက စုစုပေါင်း ရဲဘော်(၇)ဦးအထိ ကျဆုံးခဲ့ပါတယ်။ ရဲဘော်တွေကျဆုံးမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အခမ်းအနားပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရေစကြိုပကဖအနေနဲ့ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေမှာ ရဲဘော်(၁၈)ဦးအထိ ကျဆုံးခဲ့တယ်လို့ ရေစကြိုပကဖက အသိပေးပါတယ်။

(လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားအား ပြုလုပ်နေစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားအား ပြုလုပ်နေစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

“လင်းကတောတုန်းက အားလုံးပေါင်းကျတာ ၇ ဦးပါ။ ကျွန်တော်တို့တပ်ဖွဲ့ကတော့ ၃ ဦးပေါ့။ ကျန်တာတွေကတော့ တိုက်ပွဲအသီးသီးမှာ ကျဆုံးခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲတွေ၊ စစ်ကြောင်းအသီးသီးမှာ ကြားဖြတ်တိုက်ခိုက်တာတွေမှာ ကျခဲ့တာပါ။အစုလိုက်အပြုံလိုက်ကျတာကတော့ လင်းကတောနယ်မြေမှာ ဂျက်ဖိုက်တာနဲ့ Air Strike လုပ်လို့ ၇ ယောက်လုံး တပ်စိတ်တစ်စိတ်လုံးကျတာ အများဆုံးပေါ့။”လို့ ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

​ဒီကနေ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အလံတော်အား အလေးပြုခြင်း၊

ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များအားအလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်(၁၈)ဦးကို ဂုဏ်ပြုအလေးပြုခြင်း၊လင်းကတောနယ်မြေခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့်ခြင်းအတွက် အလံတစ်ဝက်လွှင့်ထူပြီး တစ်မိနစ်ငြိမ် သက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရေစကြိုပကဖက အသိပေးပါတယ်။

(လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားအား ပြုလုပ်နေစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များ တစ်နှစ်ပြည့် အခမ်းအနားအား ပြုလုပ်နေစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

မနေ့က(ဒီဇင်ဘာ၆ရက်) မနက်၇နာရီခန့်ကလည်း ပခုက္ကူ-ရေစကြိုလမ်းပေါ်၊ ပခန်းကြီးရွာအနီးမှာ ရေစကြိုပကဖက ရဲဘော်နှစ်ဦး မောင်းလာတဲ့ကားကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ရဲဘော် ၂ ဦးလုံး လွတ်မြောက်ခဲ့ပေမဲ့ မောင်းလာတဲ့ ကားတစ်စီးနဲ့ ကားပေါ်ပါ ပစ္စတိုတစ်လက်၊ အီနာဂါဗုံးသီးအလုံး(၄၀)ခန့်၊ ငွေသားသိန်း(၄၀) ကျော် ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုပကဖက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိလည်း ရေစကြိုပကဖဟာ အာဏာသိမ်းစစ်တပ်ကို ဆက်လက်တော်လှန်တိုက်ခိုက်နေပြီး ဒီဇင်ဘာလဆန်းမှာပဲ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မြို့နယ် ၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုများပြားသည့်စစ်ကောင်စီတပ်က အဆိုပါကျေးရွာမှ ဆရာဝန်နှစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းခုနစ်ဦး ဖမ်းဆီးသွားကြောင်းသတင်းရှိသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး