Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စုပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံး

ဒီဇင်ဘာ ၁၀ရက်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရသေးသည်။

(ရန်ကုန်မြို့၌ စစ်ကောင်စီလက်အောက်ခံယာဉ်ထိန်းရဲများအား တွေ့ရစဉ်။ ပုံအဟောင်းအသူံးပြုထားပါသည်)
(ရန်ကုန်မြို့၌ စစ်ကောင်စီလက်အောက်ခံယာဉ်ထိန်းရဲများအား တွေ့ရစဉ်။ ပုံအဟောင်းအသူံးပြုထားပါသည်)

ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စု ပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်ကြောင့် မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်ရှိလမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးပြီး အမျိုးသားများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“၇/၈ လမ်းဆုံက မြောက်ဒဂုံနဲ့ အရှေ့ဒဂုံလမ်းဆုံ မျိုး။အဲဒီမှာ စခတွေ ဘဲဥတွေ အမြဲနီးပါးစစ်နေတာ။မနေ့က ပစ်ခတ်မှုဖြစ်တော့ စစ်ကားချည်းပဲ ၁၀စီးလောက်နဲ့ လမ်းတွေပိတ်၊ လူတွေစစ်တယ်။ဘဲဥ တစ်ယောက်တော့သေတယ်တဲ့”ဟု ၇/၈ လမ်းဆုံအနီး နေထိုင်သူက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်စဥ်တွင် အင်္ကျီအနက် ဝတ်ဆင်ထားသူနှစ်ဦးက ဆိုင်ကယ်ဖြင့် ပစ်ခတ်သွားသည်ဟု ဆိုကာ အခင်းဖြစ်ပွားပြီးချိန်တွင် ဆိုင်ကယ် စီးနင်းသူများနှင့် အင်္ကျီအနက်ဝတ်ဆင်ထားသူများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

“ကုန်ပဒေသာ မီးပွိုင့်ကနေ လမ်းတွေပိတ်ပြီး ဆိုင်ကယ်တွေကို ဖမ်းတယ်။ဘေးတွဲ တွေပါဖမ်းတာ။၁၅ယောက်လောက်ရှိတယ်ပါသွားတာ။နောက်ပြီး အရှေ့ဒဂုံ ၈ ရပ်ကွက်စျေးက ဘေးတွဲ တွေရော မောင်တဲ့သူတွေပါ ဖမ်းသွားတယ်။ဖမ်းခံရတဲ့ထဲမှာ စကားပြောမရတဲ့ ရွှေအတစ် ယောက်ပါသွားတယ်။နောက်မှ စကားမပြောတက်မှန်းသိလို့ ညပိုင်းပြန်လွတ်လာတယ်”ဟု အရှေ့ဒဂုံ မြို့နယ်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက အရှေ့ဒဂုံမြို့နယ် ရပ်ကွက်များတွင် စစ်ကားများလှည့်ခြင်းနှင့် ဧည့်စာရင်း ပိုက်စိပ်တိုက်စစ်ဆေးမှုများရှိခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၀ရက်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း