Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံ ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စုပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံး

ဒီဇင်ဘာ ၁၀ရက်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရသေးသည်။

(ရန်ကုန်မြို့၌ စစ်ကောင်စီလက်အောက်ခံယာဉ်ထိန်းရဲများအား တွေ့ရစဉ်။ ပုံအဟောင်းအသူံးပြုထားပါသည်)
(ရန်ကုန်မြို့၌ စစ်ကောင်စီလက်အောက်ခံယာဉ်ထိန်းရဲများအား တွေ့ရစဉ်။ ပုံအဟောင်းအသူံးပြုထားပါသည်)

ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၇/၈လမ်းဆုံတွင် ယာဥ်စစ်နေသည့်စစ်အုပ်စု ပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်ကြောင့် မြောက်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်ရှိလမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ဆို့ စစ်ဆေးပြီး အမျိုးသားများကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“၇/၈ လမ်းဆုံက မြောက်ဒဂုံနဲ့ အရှေ့ဒဂုံလမ်းဆုံ မျိုး။အဲဒီမှာ စခတွေ ဘဲဥတွေ အမြဲနီးပါးစစ်နေတာ။မနေ့က ပစ်ခတ်မှုဖြစ်တော့ စစ်ကားချည်းပဲ ၁၀စီးလောက်နဲ့ လမ်းတွေပိတ်၊ လူတွေစစ်တယ်။ဘဲဥ တစ်ယောက်တော့သေတယ်တဲ့”ဟု ၇/၈ လမ်းဆုံအနီး နေထိုင်သူက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်စဥ်တွင် အင်္ကျီအနက် ဝတ်ဆင်ထားသူနှစ်ဦးက ဆိုင်ကယ်ဖြင့် ပစ်ခတ်သွားသည်ဟု ဆိုကာ အခင်းဖြစ်ပွားပြီးချိန်တွင် ဆိုင်ကယ် စီးနင်းသူများနှင့် အင်္ကျီအနက်ဝတ်ဆင်ထားသူများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

“ကုန်ပဒေသာ မီးပွိုင့်ကနေ လမ်းတွေပိတ်ပြီး ဆိုင်ကယ်တွေကို ဖမ်းတယ်။ဘေးတွဲ တွေပါဖမ်းတာ။၁၅ယောက်လောက်ရှိတယ်ပါသွားတာ။နောက်ပြီး အရှေ့ဒဂုံ ၈ ရပ်ကွက်စျေးက ဘေးတွဲ တွေရော မောင်တဲ့သူတွေပါ ဖမ်းသွားတယ်။ဖမ်းခံရတဲ့ထဲမှာ စကားပြောမရတဲ့ ရွှေအတစ် ယောက်ပါသွားတယ်။နောက်မှ စကားမပြောတက်မှန်းသိလို့ ညပိုင်းပြန်လွတ်လာတယ်”ဟု အရှေ့ဒဂုံ မြို့နယ်နေသူတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ညပိုင်းက အရှေ့ဒဂုံမြို့နယ် ရပ်ကွက်များတွင် စစ်ကားများလှည့်ခြင်းနှင့် ဧည့်စာရင်း ပိုက်စိပ်တိုက်စစ်ဆေးမှုများရှိခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၀ရက်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းကို အထိုင်ချ မစစ်ဆေးတော့ဘဲ စစ်တပ်လက်ဝေခံ ပျုစောထီးတွေ ပါတဲ့အဖွဲ့က မြို့တွင်း ကားနဲ့ လှည့်ပြီး စစ်ဆေးကာ ငွေညှစ်တာတွေ အခုရက်ပိုင်းပြုလုပ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သည် ယနေ့ကာလအထိ တရားဝင် ဖြစ်ကြောင်း NUG နှင့် NUCC က ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီဘက်ကမူ မီးရှို့ခံထားရသည့်ရုပ်အလောင်းများအား PDF ရဲဘော် လေးဦးဟု ဝါဒဖြန့်ထားသော်လည်း ကာကွယ်ရေးအဖွဲ့ဝင်များမဟုတ်သလို နယ်မြေခံပြည်သူများလည်းမဟုတ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုသည်။

သတင်း

သတိပေးချက်အား မလိုက်နာပါက ၎င်းတို့ကို စစ်သား၊ ရဲများနှင့် တန်းတူမှတ်ယူ၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။