Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းနှင့်မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်နိုင်ရေး လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရန် CNDFဖိတ်ခေါ်

ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင်လည်း ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီးကျန်းမာရေး ဝန်ထမ်း ၂ဦးအပါအဝင် ၇ဦး သေဆုံးခဲ့သည်။

(ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)
(ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CNDF)

ဟန်နွေ/People’s Spring

ချင်းညီနောင်နှင့်မဟာမိတ်များ ဆင်နွှဲနေသည့် ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲ အလုံးစုံ အောင်မြင်မှုရရှိရေးအတွက် လိုအပ်နေသည့် လက်နက်၊ ခဲယမ်း၊ ကျည်များထောက်ပံ့ပေးရန်ဖိတ်ခေါ်ချက်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ထုတ်ပြန်လိုက်သည်။

ဖလမ်းနှင့်မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် စတင်ခဲ့ရာ ၁လပြည့်ပြီးဖြစ်ကြောင်း၊ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအချို့ရရှိသကဲ့သို့ ဒီဇင်ဘာ ၁၁ရက်အထိတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက အသိပေးသည်။

CNDFအထွေထွေအတွင်းရေးမှူး၏ အသိပေးချက်ကို CNDFက ဒီဇင်ဘာ ၁၁ရက် ညပိုင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” အဖက်ဖက်ကကျဆုံးနေတဲ့ အကြမ်းဖက်စကစတပ်ကလည်း လေကြောင်း၊ မစ်ဇိုင်းတွေနဲ့ တောက်လျှောက်စစ်ကူပေးနေတဲ့အတွက် ဆက်လက်ပြီး အလုံးစုံအောင်မြင်နိုင်ဖို့ ပြည်သူတွေရဲ့ ရပ်တည်ပေးမှု၊ ဆုတောင်းပေးမှုနဲ့ လက်နက်ခဲယမ်း၊ ကျည်တွေထောက်ပံ့မှု လိုအပ်နေပါတယ်။တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်”ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။

အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့သည့် ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲ၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲများ အောင်မြင်မှုရရှိထားသည့် ချင်းညီနောင်သည် ဖလမ်းနှင့် မင်းတပ်မြို့သိမ်း တိုက်ပွဲဆင်နွှဲနေချိန် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) များ စုပေါင်းထားသည့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်များက ဟားခါးနှင့် ထန်တလန်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိရာ နိုဝင်ဘာ ၂၂ရက်မှ ဒီဇင်ဘာလဆန်းအတွင်း စစ်ကောင်စီတပ်စခန်း ၈ခုကို သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီအနေဖြင့် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲများတွင် လေကြောင်းပစ်ကူ အလွန်အကျွံအသုံးပြုခုခံနေသော်လည်း မြေပြင်မှ စစ်ကူအင်အားဖြည့်တင်းနိုင်ခြင်းမရှိသေးပေ။

လေကြောင်း တိုက်ခိုက်မှုအပြင် ပြည်သူ့နေအိမ် များကို မီးရှို့ဖျက်ဆီးမှုများ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့၍ မင်းတပ်နှင့် ဖလမ်းတွင် အရပ်သား ပြည်သူများ၏ နေအိမ်မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဖလမ်းမြို့နယ် ချွန်ကျုံးရွာ၌ မိသားစုဝင် ၄ဦး အသက်သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။

ဖလမ်းမြို့နယ် လုမ်သဲကျေးရွာတွင်လည်း ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီးကျန်းမာရေး ဝန်ထမ်း ၂ဦးအပါအဝင် ၇ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။