Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင် စစ်သားနှစ်ဦးက စျေးဆိုင်တစ်ဆိုင်အနှကြမ်းစီးပြီး ငွေနှင့်ကုန်ပစ္စည်းအချို့ ယူသွား

စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆိုင်ရှင်လင်မယားထံမှ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်သုံးသိန်းအပါအဝင် ဆိုင်ရှိအချိုရည်ဘူးများနှင့် မုန့်များယူဆောင်သွား​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်သားနှစ်ဦးက စျေးဆိုင်တစ်ဆိုင် ဝင်ရောက် အနှကြမ်းစီးပြီး ငွေသားနှင့် ကုန်ပစ္စည်းအချို့ကို အတင်းအဓမ္မယူငင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်)ည ၁၁ နာရီခန့်က ထန်းပင်ကုန်းကျေးရွာရှိ ဦးဖေချစ်နှင့် ဒေါ်မလှိုင် တို့၏ နေအိမ်ဈေးဆိုင်သို့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် လာရောက်ကာ ဆိုင်ရှင်လင်မယားအား သေနတ်ဖြင့်ချိန်ရွယ်၍ ခြိမ်းခြောက် အနှကြမ်းစီးသွားခြင်းဟု သတင်းရင်း မြစ်များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆိုင်ရှင်လင်မယားထံမှ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်သုံးသိန်းအပါအဝင် ဆိုင်ရှိအချိုရည်ဘူးများနှင့် မုန့်များယူဆောင်သွား​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“သေနတ်တွေနဲ့ချိန်ပြီး ခြိမ်းခြောက်တာပါ။ အရင်က ခုလို(ဓားပြတိုက်မှု)တခါမှ မကြားဖူးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စျေးဆိုင်အနှကြမ်းစီးခံရမှုဖြစ်ပွားခဲ့သည့် ထန်းပင်ကုန်းကျေးရွာမှာ စစ်ကောင်စီ​၏ ခမရ (၅၅၆)တပ်ရင်းအခြေစိုက်ရာ ဇဝဲကျေးရွာနှင့် (၆)ဖာလုံခန့်အကွာ၌တည်ရှိပြီး ယင်းတပ်ရင်းမှ စစ်ကာင်စီတပ်သားများ နေ့ညမရွေး ဝင်ထွက်သွားလာနေသည့် ကျေးရွာတစ်ရွာလည်းသည်။

လတ်တလောတွင်လည်း ခမရ(၅၅၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် ထန်းပင်းကုန်းရွာအနီးဝန်းကျင်နှင့် ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာစသည့် ကျေးရွာများအနီး တပ်ဖျောက်၍ ကင်းပုန်းများဝပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင်အမှတ် (၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။