Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင် စစ်သားနှစ်ဦးက စျေးဆိုင်တစ်ဆိုင်အနှကြမ်းစီးပြီး ငွေနှင့်ကုန်ပစ္စည်းအချို့ ယူသွား

စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆိုင်ရှင်လင်မယားထံမှ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်သုံးသိန်းအပါအဝင် ဆိုင်ရှိအချိုရည်ဘူးများနှင့် မုန့်များယူဆောင်သွား​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ် ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း နေသည်ကို ၂၀၂၁မတ်လက တွေ့ရစဥ်။ ဓာတ်ပုံ - Ye Naung Seven Colour)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်သားနှစ်ဦးက စျေးဆိုင်တစ်ဆိုင် ဝင်ရောက် အနှကြမ်းစီးပြီး ငွေသားနှင့် ကုန်ပစ္စည်းအချို့ကို အတင်းအဓမ္မယူငင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၄ ရက်)ည ၁၁ နာရီခန့်က ထန်းပင်ကုန်းကျေးရွာရှိ ဦးဖေချစ်နှင့် ဒေါ်မလှိုင် တို့၏ နေအိမ်ဈေးဆိုင်သို့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် လာရောက်ကာ ဆိုင်ရှင်လင်မယားအား သေနတ်ဖြင့်ချိန်ရွယ်၍ ခြိမ်းခြောက် အနှကြမ်းစီးသွားခြင်းဟု သတင်းရင်း မြစ်များက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဆိုင်ရှင်လင်မယားထံမှ လက်ကိုင်ဖုန်း(၂)လုံး၊ ငွေကျပ်သုံးသိန်းအပါအဝင် ဆိုင်ရှိအချိုရည်ဘူးများနှင့် မုန့်များယူဆောင်သွား​ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“သေနတ်တွေနဲ့ချိန်ပြီး ခြိမ်းခြောက်တာပါ။ အရင်က ခုလို(ဓားပြတိုက်မှု)တခါမှ မကြားဖူးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စျေးဆိုင်အနှကြမ်းစီးခံရမှုဖြစ်ပွားခဲ့သည့် ထန်းပင်ကုန်းကျေးရွာမှာ စစ်ကောင်စီ​၏ ခမရ (၅၅၆)တပ်ရင်းအခြေစိုက်ရာ ဇဝဲကျေးရွာနှင့် (၆)ဖာလုံခန့်အကွာ၌တည်ရှိပြီး ယင်းတပ်ရင်းမှ စစ်ကာင်စီတပ်သားများ နေ့ညမရွေး ဝင်ထွက်သွားလာနေသည့် ကျေးရွာတစ်ရွာလည်းသည်။

လတ်တလောတွင်လည်း ခမရ(၅၅၆)တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် ထန်းပင်းကုန်းရွာအနီးဝန်းကျင်နှင့် ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာစသည့် ကျေးရွာများအနီး တပ်ဖျောက်၍ ကင်းပုန်းများဝပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်​အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၄)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

သတင်း

အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် မရမ်းကုန်း၊လှိုင်၊ကမာရွတ် နှင့် လှိုင်သာယာ မြို့နယ်တို့မှ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စုဆောင်းခံရသည့် လူငယ် များ ဖြစ်သည်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရသူများသည် ရှေ့တန်းသို့ပို့ဆောင်ခံရပြီး သေဆုံးမှုများ ဆက်တိုက်ရှိသည်။