Connect with us

Hi, what are you looking for?

သတင်း

ကနီ၊ ကျောက်လှေကားရွာကို စစ်ကောင်စီဗုံးထပ်ကြဲ

ဒီဇင်ဘာလ၁၆ရက်ညက ကျောက်လှေကားရွာကို Y12လေယာဉ်ဖြင့် ဗုံး ၁၈လုံးကြဲချတိုက်ခိုက်မှုတွင်ကလေးငယ် သုံးဦးအပါအဝင် ​ဒေသခံ ငါးဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့သည်။

(ကနီမြို့နယ် ၊​ကျောက်​လှေကားရွာတွင်စစ်ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ကနီမြို့နယ် ၊​ကျောက်​လှေကားရွာတွင်စစ်ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

■ကျောင်းသားငယ်များအပါအဝင် ပြည်သူ ၅ ဦး​သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ​ခဲ့သောဗုံးကြဲမှုအတွက် NUG ပြင်းထန်စွာရှုတ်ချ

အိမ်သွင်/People’s Spring

ကလေးငယ်သုံးဦးအပါအဝင် ​ဒေသခံပြည်သူ ငါးဦး သေဆုံးခဲ့သည့် ကနီမြို့နယ် ကျောက်လှေကားရွာကို​လေ​ကြောင်းမှ ဗုံးကြဲမှုအပြီး နှစ်ရက်အကြာတွင် စစ်​ကောင်စီက ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်)ည တွင် ထပ်မံ၍ Y12လေယာဉ်ဖြင့် ဗုံးထပ်မံကြဲခဲ့သည်။

ကျောက်လှေကားရွာကို ဒီဇင်ဘာလ ၁၈ရက်ည ၈နာရီခန့်တွင် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။

” အရင်ကY 12ပတ်ပြီးမှ fighterလာတာ။ ခုတော့Y12ကအများကြီးချတာ။ဘာလာလာကြောက်နေရပြီ” ဟု ကျောက်လှေကားရွာ ဒေသခံတစ်ဦးကပြောသည်။ ဗုံးကြဲမှုကြောင့်ထိခိုက်ပျက်စီးမှုအ​ခြေအ​နေကို တိတိကျကျမသိရသေးပေ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ၁၆ရက်ညက ကျောက်လှေကားရွာကို Y12လေယာဉ်ဖြင့် ဗုံး ၁၈လုံးကြဲချတိုက်ခိုက်မှုတွင်ကလေးငယ် သုံးဦးအပါအဝင် ​ဒေသခံ ငါးဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများမှာ ကျောက်လှေကားကျေးရွာမှ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ယူနေသော မောင်ဇင်ကိုချစ် (Grade-6)၊ မမေမြတ်နိုး(Grade-7)၊ မရွှေဇင်ဝင်း (Grade-12) တို့နှင့် ဒေသခံနှစ်ဦး၊ စုစုပေါင်းငါးဦး သေဆုံးခဲ့သည်။ ထို့အပြင် ကျောင်းသူကျောင်းသား ခြောက်ဦးအပါအဝင်ပြည်သူ (၁၀) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနသည် ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချ​ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင်ထုတ်ပြန်သည်။

ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား တိုက်ခိုက်ခံရပြီး ကလေးသူငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်မှုဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့်ဖော်‌ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်ယ ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook