Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီမြို့နယ်မှ လူငယ်များဖမ်းဆီးခံနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီးမြို့နယ်မှ လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။

(မုံရွာမြို့ပေါ်တနေရာ၌ စစ်သားတစ်ဦးက ပြည်သူတစ်ဦးအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(မုံရွာမြို့ပေါ်တနေရာ၌ စစ်သားတစ်ဦးက ပြည်သူတစ်ဦးအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀နာရီခန့်က ကနီမြို့နယ်၊ လက်ပံစုရွာမှ မုံရွာသို့ လိုင်းကားဖြင့်လိုက်ပါသွားသော အသက်(၁၈)နှစ်နှင့် အသက်(၁၉)နှစ်အရွယ် လူငယ်အမျိုးသား(၂)ဦးအား မုံရွာမြို့၊ အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။

ထို့အပြင် ရွာသာရွာနှင့် ဝက်ချောင်းကြီးကျေးရွာမှ မုံရွာမြို့သွားသော ကားပေါ်တွင်လည်း အသက် ၁၉ နှစ်၊ ၂၀ နှစ်နှင့် ၂၈ နှစ်အရွယ် ၃ ဦးအပါအဝင် လူငယ်အမျိုးသား ၅ ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူလူငယ်များမှာ မှတ်ပုံတင်ပြုလုပ်ရန်အတွက် မုံရွာမြို့သို့သွားရင်း ဖမ်းဆီးခံလိုက်ရသူများဖြစ်ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီရက်မှာ စကစ က မဖမ်းတော့ နောက်ရက်ကျ အုံလိုက်ကျင်းလိုက်မုံရွာသွား မှတ်ပုံတင် လုပ်ကြတာ။ အဲ့ဒီမှာ စပြီး စစ်မှု့ထမ်းဖို့ ဖမ်းတာ။”ဟုကိုပြည့်အောင်နိုင်က ဆိုသည်။

ကနီမြို့နယ်၌ စစ်ကောင်စီယန္တရားပျက်သွား၍ မှတ်ပုံတင်ပြုလုပ်၍မရသောကြောင့် မှတ်ပုံတင်မဖြစ်မနေလိုအပ်သူများက မုံရွာမြို့ပေါ်အထိ သွားရောက်လုပ်ကိုင်နေရပြီး မှတ်ပုံတင်တစ်ခုလျှင် ကျပ်၈သောင်းမှ တစ်သိန်းခွဲအထိ ကုန်ကျနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်မည့်ရေယာဥ်များပေါ်မှ လူငယ်အများအပြားကိုလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်း​ဆီးခေါ်ဆောင်ခဲ့သေးသည်။

အဘက်ဘက်ကရှုံးနိမ့်နေသော အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဥ်(၈)အား စတင်ရန်ကြိုးစားနေသော်လည်း လူမပြည့်သေး၍ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင်ဒေသအသီးသီး၌ လူငယ်များအား စစ်မှုထမ်းရန်အဓမ္မဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

သတင်း

မုံရွာမြို့မရဲစခန်းအချုပ်အတွင်း ဆေးကုသခွင့်လုံလောက်စွာမရ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ဘုံဘုံသည် LGBT လိင်စိတ်ခံယူထားသူတစ်ဦးလည်း ဖြစ်သည်။

သတင်း

Wish အဖြူရောင်ကားတစ်စီးအား ယူဆောင် သွားခြင်းဖြစ်ပြီး လုယက်မှုနှင့် ပတ်သက်ပြီး အခြားအသေးစိတ်အချက်အလက်များအား မသိရသေးပေ။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဒီဇင်ဘာ ၄ရက်အထိ ပြန်လည်ဝင်ရောက်ခြင်းမရှိသေးကြောင်း သိရသည်။

Facebook