Connect with us

Hi, what are you looking for?

သတင်း

စစ်ကူစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် တောင်းခမ်းသို့စစ်ကူမပို့နိုင်တော့

စစ်ကောင်စီသည် ရပ်စောက်မြို့မှတဆင့် အဆိုပါလမ်းကြောင်းအတိုင်း စစ်ကူစေလွှတ်နေခြင်းဖြစ်သည်။

စစ်ကူစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် တောင်းခမ်းသို့စစ်ကူမပို့နိုင်တော့
စစ်ကူစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် တောင်းခမ်းသို့စစ်ကူမပို့နိုင်တော့

ဒီးဒီ၊သတိုး/People’s Spring

အင်အား ၅၀ကျော်သေဆုံးသည့် စစ်ကူစစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသော အမြောက်တပ်များရှိရာ တောင်းခမ်းကျေးရွာသို့ စစ်ကူပို့နိုင်ခြင်းမရှိတော့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ စစ်ကူပို့လာသော စစ်ကောင်စီတပ်နှင့် ဓနုတပ်အပါအဝင် တော်လှန်ရေးတပ်များ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ကျောက်ဂူဒေသရှိ ကျောက်ဆုံကျေးရွာတွင် နိုဝင်ဘာ ၃၀ရက်က စတင်ခဲ့သည့် ၁၀ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီ၏စစ်ကူစစ်ကြောင်းမှ ၅၀ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြားများသိမ်းဆည်းရမိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲဖြစ်ပွားချိန်စ၍ စစ်ကောင်စီတပ်မှာ ခံစစ်အနေအထားဖြင့် ခုခံနေရသည့် တောင်းခမ်းရှိ အမြောက်တပ်များထံ စစ်ကူပေးပို့နိုင်ခြင်း မရှိတော့ဟု DPLAက ပြောသည်။

“လတ်တလောမှာတော့ တောင်းခမ်းဘက်ကိုတော့ သူတို့အင်အားဖြည့်တာမရှိသေးဘူး။ ကျွန်တော်တို့ ဒီတစ်ခေါက်တိုက်ပွဲပြန်ဖြစ်တဲ့ နိုဝင်ဘာ ၃၀ ဝန်းကျင်လောက်ကတည်းက”ဟု DPLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော တောင်းခမ်းကျေးရွာနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ လမ်းပိုင်းတစပ်တည်းရှိသည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ရပ်စောက်မြို့မှတဆင့် တောင်းခမ်းတိုက်ပွဲအား စစ်ကူပို့ရန် ရပ်စောက် − တောင်းခမ်းလမ်းပိုင်းအား အဓိကအသုံးပြုနေခြင်း ဖြစ်သည်။ တောင်းခမ်းကျေးရွာနှင့် ရပ်စောက်မြို့မှာ (၈၂)မိုင်ခန့်ကွာဝေးသည်။

စစ်ကောင်စီသည် ရပ်စောက်မြို့မှတဆင့် အဆိုပါလမ်းကြောင်းအတိုင်း စစ်ကူစေလွှတ်နေခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါလမ်းပိုင်းရှိ တောင်းခမ်းနှင့် ကျောက်ဂူကြားတွင် စစ်ကောင်စီတပ်အချို့ရှိနေပြီး ကျောက်ဂူဒေသအနီးဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များ ရှိနေသည်ဟု ဆိုသည်။

“ဒီလမ်းကြောကို ထိန်းချုပ်စိုးမိုးထားတဲ့အနေအထားတော့ မဟုတ်သေးဘူးပေါ့လေ။ ဒါပေမယ့်လည်း အများအားဖြင့် အခက်အခဲအတော်လေး(စစ်ကူပို့တာ)ဖြစ်သွားတဲ့ အနေအထားပါ”ဟု DPLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၉ရက်)တွင်လည်း ကျောက်ဂူအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု DPLA က ပြောသည်။

တောင်းခမ်းရွာတောင်ဘက် (၃၀)မိုင်ခန့်ကွာဝေးသော ကျောက်ဂူမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်(အမတ − ၃၄၉)အနီးတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ယနေ့ ဓနုတပ်က အသိပေးထားသည်။

နောင်ချိုမြို့တောင်ဘက် မိုင်(၂၀)ခန့်ကွာဝေးသော တောင်းခမ်းကျေးရွာ၌ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၊ အမတ(၄၀၆)တပ်ရင်း နှင့် အမတ (၃၅၄) အပါအဝင် အမြောက်တပ်ရင်း လေးရင်းအထိ ရှိနေသည်။ အချို့တပ်ရင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်နေသည်။

လက်တလော တောင်းခမ်းကျေးရွာ၌ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာ “နေ့တိုင်းပစ်ခတ်မှုတော့ရှိတယ်”ဟု DPLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။