Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို မွန်း၊ ကရင်နှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ဓါတ်ပုံ- MSRF)
(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ဓါတ်ပုံ- MSRF)

■အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရဟု MSRF အသိပေး

ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီးတပ် သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MSRF ကယနေ့ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၇ရက် မနက်တွင် ကွမ်ကျိုက်ကျေးရွာတွင် ခလရ – ၁၀၆ နှင့် ခမရ – ၅၈၇ တို့မှ ပူးပေါင်းတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။

(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ဓါတ်ပုံ- MSRF)
(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ဓါတ်ပုံ- MSRF)

စခန်းသိမ်းတိုက်ပွဲတွင် ရန်သူစစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် စုစုပေါင်း ၄ဦး သေဆုံးပြီး၊ ၇ဦးဒဏ်ရာရရှိကာ ၂ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ ဟုဖော်ပြသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲတွင် ရန်သူ့ထံမှ MA2 တစ်လက်၊ ကျည် နှင့် ခဲယမ်း အချို့ရဟု အသိပေးသည်။သိမ်းပိုက်ရရှိခဲ့သည့် ရန်သူ့စခန်းကို မီးရွှိ့ဖျက်ဆီးခဲ့ကြောင်း MSRF က ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း ၊KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD) နှင့် YPDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်းထုတ်ပြန်သည်။

(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ဓါတ်ပုံ- MSRF)
(​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ဓါတ်ပုံ- MSRF)

စခန်းသိမ်း တိုက်ပွဲတွင်ပါဝင်ခဲ့သော ဒေါနတပ်ရင်းကလည်းသတင်းထုတ်ပြန်ထားရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃)နယ်မြေအတွင်းရှိ ရေးမြောက်ပိုင်းအမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှကနင်ကမော့ လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ပူးပေါင်းတပ်က ၂နာရီခန့်လည်း တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်းဖော်ပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး ခမရ (၅၈၇) မှဗိုလ်ကြီးအဆင့်ရှိသူ (၁)ဦး အပါအဝင် (၄)ဦးကျဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဒေါနတပ်ရင်း မှ ရဲဘော် (၁) ဦး နှင့် မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ရဲဘော် (၁)ဦး ကျဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖေဖော်ဝါရီအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို စစ် ကောင်စီက ဒီကနေ့ (မတ်လ ၆ရက်)မှာ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။