Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ်(၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦး နေရာတင်သေဆုံး၍ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု တပ်ရင်း (၃၆၀၁)က အသိပေးသည်။

(ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ မှ တော်လှန်ရေးရဲဘော်အချို့ကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - PPDF)
(ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ မှ တော်လှန်ရေးရဲဘော်အချို့ကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - PPDF)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၏ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်က ပေါင်းတည်မြို့နယ် သိမ်းကုန်းကျေးရွာဘက်မှ နတ္တလင်းမြို့နယ်သို့လာသော စစ်ကောင်စီတပ် အင်အား(၄၀)ခန့်ကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ (၂)က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ်(၃၀)ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ တစ်ဦး နေရာတင်သေဆုံး၍ တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု တပ်ရင်း (၃၆၀၁)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ လက်နက် ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအင်အားမမျှသဖြင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်က သေဆုံးနှင့် ဒဏ်ရာရသူအချို့ကို သယ်ဆောင်ရန် လှေကထောင်နှင့် သိမ်ကုန်းတဲတိုက်များမှ ပြည်သူအချို့အား အတင်းအဓမ္မခေါ်ဆောင်ကာ နတ္တလင်းမြို့နယ် ကွင်းကြယ်စခန်းသို့ လှည်းများဖြင့် လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်း တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

“ကွင်းကြယ်ရောက်တော့ ချောဆွဲခံရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကြောင်းထွက်သွားသော သိမ်ကုန်းတာဝါတိုင်စခန်း၌ စခန်းအစောင့်အဖြစ် တပ်သားအချို့ ဆက်ရှိနေပြီး အထက်ပါကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုမတွေ့ရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook