Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း အမှတ်(၅) တပ်ရင်းက အသိပေးသည်။

(မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း)
(မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း)

▪️ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဟုဆို

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြောင်းခြားကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်တပ် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)အသိပေး ထုတ်ပြန် သည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က မြောင်းခြားကျေးရွာတောင်ဘက်သို့ အင်အား ၃၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဟုဖော်ပြ သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း အမှတ်(၅) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)ပွဲကတာ ခွေး ၁၀ ကောင်လောက် ကင်လိုက်နိုင်တယ်​။ ကိုယ့်ရဲဘော်တွေတော့ အထိခိုက်မရှိပါ။ အောင် မြင်ပါတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာစဥ် မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းမှ အရန်သင့်ထောင်ထားသော မိုင်းများ ထပ်ထိ၍ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့သော်လည်း သေဆုံးမှုရှိ၊ မရှိမသိရသေးဟု ၎င်းက ဆက်ပြောသည်။

စလင်းမြို့နယ်တွင် ဒီဇင်ဘာရ၁၁ ရက်နကလည်း စည်ဆွဲရွာနှင့် စမ်းကလေးကျေးရွာကြားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ခြောက်ဦးသေ၍ ကားနှစ်စီးပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”