Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း အမှတ်(၅) တပ်ရင်းက အသိပေးသည်။

(မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း)
(မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း)

▪️ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဟုဆို

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြောင်းခြားကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်တပ် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းက ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)အသိပေး ထုတ်ပြန် သည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က မြောင်းခြားကျေးရွာတောင်ဘက်သို့ အင်အား ၃၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဟုဖော်ပြ သည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ကာ နောက်ကြောင်းပြန်ဆုတ်သွားကြောင်း အမှတ်(၅) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ယနေ့(ဒီဇင်ဘာလ ၂၂ ရက်)ပွဲကတာ ခွေး ၁၀ ကောင်လောက် ကင်လိုက်နိုင်တယ်​။ ကိုယ့်ရဲဘော်တွေတော့ အထိခိုက်မရှိပါ။ အောင် မြင်ပါတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာစဥ် မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းမှ အရန်သင့်ထောင်ထားသော မိုင်းများ ထပ်ထိ၍ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့သော်လည်း သေဆုံးမှုရှိ၊ မရှိမသိရသေးဟု ၎င်းက ဆက်ပြောသည်။

စလင်းမြို့နယ်တွင် ဒီဇင်ဘာရ၁၁ ရက်နကလည်း စည်ဆွဲရွာနှင့် စမ်းကလေးကျေးရွာကြားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ခြောက်ဦးသေ၍ ကားနှစ်စီးပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook