Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် ဟုမ်းလမ်းအုပ်ကြီး ပစ်ခတ်ခံရ

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

(ဟုမ်းလမ်းအုပ်ကြီးစန်းငွေအား တွေ့ရစဉ်။ ဓာတ်ပုံ-စမ်းချောင်းပင်မသပိတ်)
(ဟုမ်းလမ်းအုပ်ကြီးစန်းငွေအား တွေ့ရစဉ်။ ဓာတ်ပုံ-စမ်းချောင်းပင်မသပိတ်)

သတိုး/ People’s Spring

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရုံးအတွင်းဝင်၍ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်းဒေသခံများကပြောသည်။

“ ကျွန်တော်တို့ကြားရသလောက် အုပ်ချုပ်ရေးမှူး ရုံးထဲကို ဝင်ပစ်တာ။ ထိသွားတယ်။ ရန်ကုန်ဆေးရုံကြီးကို သယ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၂၄ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် အဆိုပါပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းရပ်ကွက်ရုံးအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များအစစ်အဆေးများခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ ဟုမ်းလမ်း ပန်းလှိုင်ဘူတာရပ်ကွက်ရုံးနားမှာ စစ်ခွေး ရဲခွေး အရပ်ဝတ်အင်အား အများအပြားရောက်ရှိနေပြီး အပြာရောင်လို ယူနီဖောင်းဝတ် ၃ကောင် ကျည်ကာ လက်ထိပ် တုတ် သေနတ် ပျောက်ကျားမျက်နှာဖုံးတွေဝတ်ထားတာရှိနေ (အထူးဖွဲ့စည်းထားတဲ့ခွေးတွေဖြစ်ပုံရ)” ဟု Sanchaung Scout Channel က ဖော်ပြထားသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးစန်းငွေသည် ယခင်အုပ်ချုပ်ရေးမှုး ထွက်ပြေးသွားသောကြောင့် ယင်းနေရာကို လုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီနှင့်ပူး‌‌ပေါင်း၍ ပြည်သူများကို ဖိနှိပ်သူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ စစ်တပ်နဲ့ ရဲကို သတင်းပေးတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေဖိအားပေးတယ်၊ ငွေညှစ်တယ်။

ပြည်သူဆီက ဧည့်စာရင်းအကြောင်းပြ ငွေတောင်းတယ်။ စစ်တပ်၊ ရဲနဲ့ ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစားသမားတွေအတွက် ပွဲစားလုပ်တယ်” ဟု ယင်းအုပ်ချုပ်ရေးမှုးနှင့်ပတ်သက်၍ အထက်ပါဒေသခံကပြောသည်။

အဆိုပါမစ်ရှင်၌ အုပ်ချုပ်ရေးမှူးကိုပစ်ခတ်စဉ် လက်နက်ချို့ယွင်းမှုဖြစ်ခဲ့သောကြောင့် တစ်ချက်သာ ပစ်နိုင်ခဲ့ကြောင်း နှင့် နောက်ဆက်တွဲအခြေအနေကိုစုံစမ်းဆဲဖြစ်ကြောင်း Freeland Attack Force (FLA) က သတင်းထုတ်ပြန်ထားသည်။

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။