Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် ဟုမ်းလမ်းအုပ်ကြီး ပစ်ခတ်ခံရ

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

(ဟုမ်းလမ်းအုပ်ကြီးစန်းငွေအား တွေ့ရစဉ်။ ဓာတ်ပုံ-စမ်းချောင်းပင်မသပိတ်)
(ဟုမ်းလမ်းအုပ်ကြီးစန်းငွေအား တွေ့ရစဉ်။ ဓာတ်ပုံ-စမ်းချောင်းပင်မသပိတ်)

သတိုး/ People’s Spring

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရုံးအတွင်းဝင်၍ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်းဒေသခံများကပြောသည်။

“ကျွန်တော်တို့ကြားရသလောက် အုပ်ချုပ်ရေးမှူး ရုံးထဲကို ဝင်ပစ်တာ။ ထိသွားတယ်။ ရန်ကုန်ဆေးရုံကြီးကို သယ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၂၄ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် အဆိုပါပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းရပ်ကွက်ရုံးအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များအစစ်အဆေးများခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဟုမ်းလမ်း ပန်းလှိုင်ဘူတာရပ်ကွက်ရုံးနားမှာ စစ်ခွေး ရဲခွေး အရပ်ဝတ်အင်အား အများအပြားရောက်ရှိနေပြီး အပြာရောင်လို ယူနီဖောင်းဝတ် ၃ကောင် ကျည်ကာ လက်ထိပ် တုတ် သေနတ် ပျောက်ကျားမျက်နှာဖုံးတွေဝတ်ထားတာရှိနေ (အထူးဖွဲ့စည်းထားတဲ့ခွေးတွေဖြစ်ပုံရ)” ဟု Sanchaung Scout Channel က ဖော်ပြထားသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးစန်းငွေသည် ယခင်အုပ်ချုပ်ရေးမှုး ထွက်ပြေးသွားသောကြောင့် ယင်းနေရာကို လုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီနှင့်ပူး‌‌ပေါင်း၍ ပြည်သူများကို ဖိနှိပ်သူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စစ်တပ်နဲ့ ရဲကို သတင်းပေးတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေဖိအားပေးတယ်၊ ငွေညှစ်တယ်။

ပြည်သူဆီက ဧည့်စာရင်းအကြောင်းပြ ငွေတောင်းတယ်။ စစ်တပ်၊ ရဲနဲ့ ပေါင်းပြီး မူးယစ်ဆေး၊ လောင်းကစားသမားတွေအတွက် ပွဲစားလုပ်တယ်” ဟု ယင်းအုပ်ချုပ်ရေးမှုးနှင့်ပတ်သက်၍ အထက်ပါဒေသခံကပြောသည်။

အဆိုပါမစ်ရှင်၌ အုပ်ချုပ်ရေးမှူးကိုပစ်ခတ်စဉ် လက်နက်ချို့ယွင်းမှုဖြစ်ခဲ့သောကြောင့် တစ်ချက်သာ ပစ်နိုင်ခဲ့ကြောင်း နှင့် နောက်ဆက်တွဲအခြေအနေကိုစုံစမ်းဆဲဖြစ်ကြောင်း Freeland Attack Force (FLA) က သတင်းထုတ်ပြန်ထားသည်။

စန်းငွေသည် ပြည်သူများကို ပြဿနာရှာလေ့ရှိသလို စစ်မှူထမ်းအတွက်လည်းတတ်တတ်ကြွကြွလုပ်ဆောင်ပေးနေပြီး လက်ရှိတွင် တစ်အိမ်လျှင် ကျပ် နှစ်သောင်းကောက်ခံနေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်တွင် တစ်ရက်တည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးလင်မယားတို့ကို ပစ်ခတ်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)က ယနေ့(ဇန်နဝါရီ ၈ ရက်) အသိ ပေးထုတ်ပြန်သည်။

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

သတင်း

ပစ်ခတ်ခံရသော စန်းငွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

ယင်းပွဲဈေးပြုလုပ်သည့်ရက်တွင် မီးပျက်ချိန် ယခင်ထက် ပိုမိုများပြားလာပြီး ရေပျက်သည့် ဖြစ်ရပ်များလည်း ကြုံရကြောင်း ဒေသခံတစ်ဦးကပြောသည်။

Facebook