Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများအတွင်းဒဏ်ရာရ ရဲဘော်များအား ဒီးမော့ဆို PDFက ထောက်ပံငွေပေးအပ်

စစ်တပ်အာဏာသိမ်းအပြီးတွင် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ မေလ ၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

(တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - DMO Local PDF)
(တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - DMO Local PDF)

ရဲခေါင်း/People’s Spring

တိုက်ပွဲများအတွင်း ခြေ၊လက်ပြတ်၍ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ DMO Local PDFက ယနေ့(ဒီဇင်ဘာ ၂ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ ထိတွေ့တိုက်ပွဲများနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ DMO Local PDFမှ ရဲဘော် ၁၉၉ ဦး ရှိခဲ့သည်ဟု ဆိုသည်။

(တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - DMO Local PDF)
(တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်နေစဉ်။ ဓာတ်ပုံ – DMO Local PDF)

အဆိုပါထိခိုက်သူများအနက်မှ ခြေပြတ်၊ လက်ပြတ်၊ မျက်လုံးအစားထိုးနှင့် အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ ဦးခေါင်းစသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြင်းထန်စွာထိခိုက်ဒဏ် ရာရရှိခဲ့သူ ရဲဘော်၊ရဲမေ ၃၈ဦးကို ကျပ်သိန်း ၆၀ခန့် ထောက်ပံ့ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဗဟိုကော်မတီကနေ ဦးစီးပြီးလုပ်တာပါ။အဓိကတော့ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေအတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေဖို့ ပါပဲ”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်နေစဉ်။ ဓာတ်ပုံ - DMO Local PDF)
(တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်နေစဉ်။ ဓာတ်ပုံ – DMO Local PDF)

ထိခိုက်ဒဏ်ရာရရဲဘော်များအား ထောက်ပံ့ငွေပေး အပ်နိုင်ရေး ကူညီလှူဒါန်းပေးခဲ့သော ပြည်တွင်း၊ပြည်ပမှ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း DMO Local PDF က ဖော်ပြသည်။

စစ်တပ်အာဏာသိမ်းအပြီးတွင် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ မေလ ၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ DMO Local PDF တပ်ဖွဲ့တွင် အင်အား ၂,၀၀၀ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးလေ့လာသူအချို့က သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော