Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ငြိမ်းချမ်းရေးစကား အယောင်ပြပြောဆိုနေသော်လည်း လက်တွေ့တွင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထား သတ်ဖြတ်နေဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးစကား အယောင်ပြပြောဆိုနေသော်လည်း လက်တွေ့တွင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထား သတ်ဖြတ်နေဟု NUG ပြော
စစ်ကောင်စီက ငြိမ်းချမ်းရေးစကား အယောင်ပြပြောဆိုနေသော်လည်း လက်တွေ့တွင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထား သတ်ဖြတ်နေဟု NUG ပြော

▪️၂၀၂၄ခုနှစ်သည် တော်လှန်ရေး အင်အားစုများအကြား ယုံကြည်မှု၊ နားလည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျောက် အားအကောင်းဆုံး ရှိခဲ့သည့်နှစ်ဟုဆို

အီယိုရီ/People’s Spring

အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းရေးစကားကို အယောင်ပြပြောဆိုနေသော်လည်း လက်တွေ့တွင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့(ဇန်နဝါရီ ၈ရက်)တွင် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဥ်၌ ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှု ၂၀ ဦးအထိရှိခဲ့ကြောင်း အသိပေးသည်။

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါများက နှစ်သစ်ကူးကာလဖြစ်သော ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ရက်နေ့များတွင် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကျန် ပြည်နယ်နဲ့ တိုင်း အချို့မှ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံဆေးခန်းများ၊ ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေသော ဘုရားကျောင်းများနှင့် ပြည်သူလူထု၏ နေအိမ်များကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ပြည်သူ သေဆုံးမှု (၂၀) ဦးအထိရှိခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီလိုလုပ်ရပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျင့်ဝတ်ကင်းမဲ့မှု၊ လူစိတ်ကင်းမဲ့မှုတွေကို ဖော်ပြနေတာဖြစ်သလို တဖက်မှာ နိုင်ငံတကာထောက်ခံမှုရရုံသက်သက် ငြိမ်းချမ်းရေးဆိုတဲ့စကားကို အယောင်ပြပြောဆိုနေပြီး တကယ်တမ်းလက်တွေ့မှာတော့ သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲဆိုတာပေါ်လွင်စေပါတယ်။ ဒါဟာ မြန်မာပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ဘာကြောင့် တော်လှန်ရေးလုပ်နေကြသလဲဆိုတဲ့ အကြောင်းပြချက် များစွာထဲက တခုလည်း ဖြစ်တာကြောင့် အကြမ်းဖက်စစ်ခေါင်းဆောင်တွေစီမံတဲ့အတိုင်း လိုက်နာဖို့၊ အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ တိုက်တွန်းနေကြသူတွေလည်း စာနာနိုင်ကြရအောင် ထောက်ပြပြောကြားလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အင်အားစုများနှင့် နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အချို့ ရယူနိုင်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရေးပိုင်းတွင်လည်း တိုးတက်မှုများစွာရှိခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“အချို့သော ပူး‌ပေါင်းဆောင်ရွက်မှုဟာ အကြောင်းကြောင်းကြောင့် လူသိရှင်ကြား ထုတ်ဖော်ပြောပြဖို့ ခက်နေသေးတာကိုလည်း ပြည်သူများ နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ယုံကြည်မှု တည်ဆောက်ခြင်း၊ နိုင်ငံရေး ဆိုင်ရာ သဘောတူညီချက် ရယူခြင်း၊ ပူးပေါင်းဆာင်ရွက်ခြင်း စသည့်အချက်များကို မြှင့်တင်သွားရန် လိုအပ်နေဆဲဖြစ်သော်လည်း ၂၀၂၄ခုနှစ်သည် တော်လှန်ရေး အင်အားစုများအကြား ယုံကြည်မှု၊ နားလည်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျောက် အားအကောင်းဆုံး ရှိခဲ့သည့်နှစ်ဟု ပြောနိုင်သည်ဟု ဆိုသည်။

တဖက်တွင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၅ခုနှစ်အတွင်း တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် စီစဥ်နေသည်ကို တွေ့ရပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြသည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၏ ဖမ်းဝရမ်းထုတ်ခြင်း ခံရတော့မည့် စစ်ရာဇဝတ်ကောင် ပြုလုပ်မည့် အဆိုပါ တရားဝင်မှုမရှိသည့် ရွေးကောက်ပွဲအမည်ခံ လုပ်ပွဲကို အားမပေးခြင်းဖြင့် မိမိတို့၏ နိုင်ငံရေးဂုဏ်သိက္ခာကို စောင့်ထိန်းကြရန် လိုအပ်ကြောင်း ဦးနေဘုန်းလတ်က ထပ်မံပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စုက အလိမ်အညာများဖြင့် မည်သို့သော ခြေလှမ်းမျိုးလှမ်းသည်ဖြစ်စေ NUGအနေဖြင့် ပြည်သူလူထု၏ လိုလားမှုဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို မရောက်မချင်း တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ တစိတ်တဝမ်းတည်း ရှေ့ဆက် တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။