Connect with us

Hi, what are you looking for?

သတင်း

ပန်းဘဲတန်းမြို့နယ်ရွှေဆိုင်ဓားပြမှု တရားခံများတွေ့ရှိပါက ဆက်သွယ်ပေးရန် ရွှေဆိုင်အကူအညီတောင်း

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၌ ဓားပြတိုက်ခံခဲ့ရသည့် ရွှေချစ်သူရွှေဆိုင်က ပြစ်မှူကျူးလွန်သူများကို တွေ့ရှိပါက ဆက်သွယ်ပေးရန် စီစီတီဗီမှတ်တမ်းကိုတင်၍ အကူအညီတောင်းထားသည်။

တေဇ/People’s Spring

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၌ ဓားပြတိုက်ခံခဲ့ရသည့် ရွှေချစ်သူရွှေဆိုင်က ပြစ်မှူကျူးလွန်သူများကို တွေ့ရှိပါက ဆက်သွယ်ပေးရန် စီစီတီဗီမှတ်တမ်းကိုတင်၍ အကူအညီတောင်းထားသည်။

ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အဆိုပါဆိုင်ကို အမျိုးသားသုံးဦးဝင်ရောက်၍ ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး စိန်ထည် ၊ရွှေထည်နှင့် ငွေသား စုစုပေါင်း ကျပ်သိန်း၅,၀၀၀ မှ သိန်း ၇,၅၀၀ ကြားပါသွားကြောင်း ယင်းရွှေဆိုင်က အသိပေးထားသည်။

ထို့အပြင် ဆိုင်ပေါ်သို့ တတ်လာသည့် ဓားပြသုံးဦးအား ရိုက်ကူးထားသည့် စီစီတီဗီ မှတ်တမ်းကို တင်၍ ယင်းအမျိုးသားများကို တွေ့ပါက ဆက်သွယ်ပေးရန် အကူအညီတောင်းခံထားသည်။

Public Service Announcement

Public Service Announcement

ဆိုင်ကို သုံးရက်ခန့် ပိတ်ထားမည်ဖြစ်ပြီး ဓားပြများက ဆိုင်မှဖုန်း‌များကို ယူဆောင်သွားသောကြောင့် Kpay အကောင့်သို့ ပိုက်ဆံမလွှဲကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

ထိုသတ်မှတ်ချက်အတိုင်းမဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြင့် အရေးယူမည်ဟုလည်း စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

သတင်း

စက်တင်ဘာ ၁၀ရက်ကလည်း မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရပြီး ကျပ်သိန်း ခုနှစ်သောင်းကျော်တန်ကြေးရှိ ရွှေထည်များ ဆုံးရှုံးခဲ့ဖူးသည်။

သတင်း

ရွှေပိဿာချိန် ၆ ပိဿာထက်မနည်း ပါသွားခဲ့ကြောင်း ​ဒေသခံပြည်သူများကပြောနေကြသော်လည်းလူထု​နွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။