Connect with us

Hi, what are you looking for?

သတင်း

ပန်းဘဲတန်းမြို့နယ်ရွှေဆိုင်ဓားပြမှု တရားခံများတွေ့ရှိပါက ဆက်သွယ်ပေးရန် ရွှေဆိုင်အကူအညီတောင်း

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၌ ဓားပြတိုက်ခံခဲ့ရသည့် ရွှေချစ်သူရွှေဆိုင်က ပြစ်မှူကျူးလွန်သူများကို တွေ့ရှိပါက ဆက်သွယ်ပေးရန် စီစီတီဗီမှတ်တမ်းကိုတင်၍ အကူအညီတောင်းထားသည်။

တေဇ/People’s Spring

ရန်ကုန်မြို့၊ပန်းဘဲတန်းမြို့နယ်၌ ဓားပြတိုက်ခံခဲ့ရသည့် ရွှေချစ်သူရွှေဆိုင်က ပြစ်မှူကျူးလွန်သူများကို တွေ့ရှိပါက ဆက်သွယ်ပေးရန် စီစီတီဗီမှတ်တမ်းကိုတင်၍ အကူအညီတောင်းထားသည်။

ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အဆိုပါဆိုင်ကို အမျိုးသားသုံးဦးဝင်ရောက်၍ ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး စိန်ထည် ၊ရွှေထည်နှင့် ငွေသား စုစုပေါင်း ကျပ်သိန်း၅,၀၀၀ မှ သိန်း ၇,၅၀၀ ကြားပါသွားကြောင်း ယင်းရွှေဆိုင်က အသိပေးထားသည်။

ထို့အပြင် ဆိုင်ပေါ်သို့ တတ်လာသည့် ဓားပြသုံးဦးအား ရိုက်ကူးထားသည့် စီစီတီဗီ မှတ်တမ်းကို တင်၍ ယင်းအမျိုးသားများကို တွေ့ပါက ဆက်သွယ်ပေးရန် အကူအညီတောင်းခံထားသည်။

Public Service Announcement

Public Service Announcement

ဆိုင်ကို သုံးရက်ခန့် ပိတ်ထားမည်ဖြစ်ပြီး ဓားပြများက ဆိုင်မှဖုန်း‌များကို ယူဆောင်သွားသောကြောင့် Kpay အကောင့်သို့ ပိုက်ဆံမလွှဲကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။