Connect with us

Hi, what are you looking for?

သတင်း

မူသယ်ဒေသရှိ စစ်ကောင်စီ နှစ်ပေါင်း၅၀နီးပါးတပ်စွဲထားသည့် ခူသေစိုးတပ်စခန်းအားသိမ်းနိုင်ခဲ့ဟု KNU အသိပေး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေ၊ လက်နက်ခဲယမ်းများရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။

ခူသေစိုးတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများနှင့် တပ်မဟာ(၃)တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များ။ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။

မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာ ၃၁ရက် တွင်စတင်တိုက်ခိုက်ခဲ့ရာ ၆ရက်အကြာ ၂၀၂၅ ဇန်နဝါရီ ၅ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး အချို့ ထွက်ပြေးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်၏ (၈၁)မမ လက်နက် ကြီးတစ်လက်အပါအဝင် လက်နက်ကြီး၊လက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

KNU၏ ထုတ်ပြန်ချက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။

ကရင်သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ မူသယ်အခြေစိုက်စစ်ကောင်စီစခန်း သိမ်းပိုက်မှုဖြစ်စဉ်တွင် တော်လှန်ရေးရဲဘော်အချို့ ကျဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါတပ်စခန်းသည် ကျောက်ကြီးမြို့နယ် အတွင်းနှစ်ပေါင်း ၅၀နီးပါတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟုလည်း KNUက အသိပေးသည်။

KNUသည် စစ်တပ်အာဏာသိမ်းပြီးနောက် ၄နှစ် တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၄၀ကျော်ကို သိမ်းပိုက်နိုင်ခဲ့ရာ ထက်ဝက်ကျော်မှာ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခု ၂၀၂၅တွင် စစ်ရေးအရှိန်ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း KNUဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်း၊ ပြုန်းတီးနေသည့် စစ်အင်အားများဖြည့်တင်းရန် လူသစ်စုဆောင်းခြင်း အပါအဝင် စစ်ကောင်စီကြောင့် ပြည်သူများ နည်းမျိုးစုံစိတ်ဒုက္ခကြုံနေရ၍ တော်လှန်ရေးကို မီးကုန်ယမ်းကုန်အားဖြည့်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆောင်းပါး

"အဲ့ဒါ အဲ့ဒါ ကျတော့်သမီးလေး။ သူ အသက်ရှိနေအုံးမှာ။ ကျတော်ကိုယ်တိုင် ဆွဲထုတ်ပါရစေဗျာ"

သတင်း

ဇန်နဝါရီ ၁၄ ရက်တွင်လည်းမ​ပေါက်ကွဲ​သေး​သော​ပေါင် ၅၀၀ ဗုံး​တွေ့

Infographics

အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီလပထမနှစ်ပတ်အတွင်း ပြည်နယ် ၅ခုနှင့် တိုင်း ၅တိုင်းကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူအနည်းဆုံး ၉၀ သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

Facebook