Connect with us

Hi, what are you looking for?

သတင်း

တာလီဘန်တွေက အမျိုးသမီးတွေကို လူလို့မထင်ဘူးလို့ မာလာလာ စွပ်စွဲ

တာလီဘန်တွေဟာ အမျိုးသမီးတွကို လူလို့ သတ်မှတ်မထားဘူးလို့ မာလာလာ ယူဆွတ်ဖ်ဇိုင်က ပြောကြားသွားပါတယ်။

တာလီဘန်တွေဟာ အမျိုးသမီးတွကို လူလို့ သတ်မှတ်မထားဘူးလို့ မာလာလာ ယူဆွတ်ဖ်ဇိုင်က ပြောကြားသွားပါတယ်။

မွတ်ဆလင် နိုင်ငံတွေရဲ့ ခေါင်းဆောင် အသီးသီးဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို စာနာတဲ့ အနေနဲ့ အာဖဂန် နစ္စတန်ရဲ့ တာလီဘန် အစိုးရကို ဖိအားပေး စိန်ခေါ်ကြဖို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးလည်းဖြစ်တဲ့ မာလာလာက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အစ္စလာမ် နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ ပညာရေးဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး တစ်ခုရဲ့ အင်တာဗျူးမှာ မာလာလာက အရိုးရှင်းဆုံး ပြောရရင် တာလီဘန်တွေရဲ့ အမြင်မှာ အမျိုးသမီးတွေဆိုတာ လူသားအဆင့် မရှိဘူးလို့ ဝေဖန် မှတ်ချက်ပေးသွားပါတယ်။

အသက် ၂၇ နှစ်အရွယ် မာလာလာဟာ ပါကစ္စတန်မှာ မိန်းကလေးတွေရဲ့ ပညာသင်ခွင့်အတွက် တက်ကြွလှုပ်ရှားရင်း ပါကစ္စတန် အခြေစိုက် တာလီဘန် ဌာနခွဲရဲ့ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ် လုပ်ကြံမှုကို ကြုံခဲ့ရပါတယ်။ အဲဒီတုန်းက သူအသက်ဟာ ၁၅ နှစ်သာ ရှိသေးပြီး ဦးနှောက် ထိခိုက်တဲ့ထိ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။ မာလာလာဟာ ဗြိတိန်မှာ သွားရောက်ကုသမှု ခံယူခဲ့ရပြီး အဲဒီနောက်ပိုင်း ပါကစ္စတန်မှာ ပြန်လည် အခြေမချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၁၇ နှစ်အရွယ် ၂၀၁၄ ခုနှစ်မှာတော့ မာလာလာဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး နိုဘယ်လ်ဆုတွေ ချီးမြှင့်မှု သမိုင်းမှာ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ မာလာလာဟာ အစ္စလာမ်မာဘတ် မြို့တော်က ညီလာခံမှာ မိန့်ခွန်းပြောရင်း ဇာတိနိုင်ငံကို တကျော့ပြန် ရောက်ရှိလာတဲ့အတွက် အရမ်း ကြည်နူး ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။

သူက တာလီဘန်တွေဟာ အာဖဂန်ကို တကျော့ပြန် ကြီးစိုးသွားပြီးတဲ့နောက် အမျိုးသမီးတွေအပေါ် လိင်ခွဲခြား နှိမ့်ချ ဆက်ဆံတဲ့ စနစ်ကို တကျော့ပြန် အသက်သွင်းနေတယ်လို့လည်း မာလာလာက စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် တစ်ဖက်သတ် ဖိနှိပ်တဲ့ ဥပဒေတွေကို နည်းမှန်လမ်းမှန် ဖီဆန်ရဲတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးတွေကိုလည်း တာလီဘန်တွေက နည်းလမ်းမျိုးစုံနဲ့ ကလဲ့စားချေပြီး ဖမ်းဆီးချုပ်နှောင်တာ၊ အန္တရာယ်ပြုတာတွေ ကျူးလွန်နေတယ်လို့ သူက ဆိုပါတယ်။

နောက်ပြီး တာလီဘန် အစိုးရဟာ ကိုယ်တိုင် ကျူးလွန်နေတဲ့ ယုတ်ညံ့တဲ့ ရာဇဝတ်မှုတွေကို ဘာသာရေး ဗန်းပြပြီး ဖုံးကွယ်နေတယ်လို့လည်း မာလာလာက စွပ်စွဲသွားပါတယ်။ တာလီဘန်တွေကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အာဖဂန်မှာ တာလီဘန်တွေ ပြန်လည် အုပ်စိုးလာချိန် ကတည်းက ပညာသင်ကြားခွင့် အပါအဝင် အမျိုးသမီးတွေရဲ့ အခွင့်အရေး အများအပြားကို ကန့်သတ် ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒါပေမဲ့ တာလီဘန်တွေက သူတို့ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားကြောင်း၊ ဒါပေမဲ့ အဲဒီလေးစားမှုဟာ အာဖဂန် ယဉ်ကျေးမှု၊ အစ္စလာမ် ထုံးတမ်းတွေနဲ့ အညီ အကန့်အသတ် ရှိနေလိမ့်မယ်လို့ ပြောကြားထားဖူးပါတယ်။

ပါကစ္စတန်မှာ ကျင်းပခဲ့တဲ့ ညီလာခံကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ မွတ်ဆလင်ကမ္ဘာ အဖွဲ့ချုပ် (MWL)နဲ့ ပါကစ္စတန် အစိုးရတို့က စီစဉ်ခဲ့တာဖြစ်ပြီး တာလီဘန်တွေကိုလည်း ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ အဲဒီ ညီလာခံမှာ နိုင်ငံအများအပြားရဲ့ ဝန်ကြီးတွေ၊ မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံတွေက ပညာရှင်တွေနဲ့ အမျိုးသမီး ပညာသင်ခွင့် တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

Facebook