Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ကဖေး/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ဖလမ်းမြို့ကို ယနေ့(ဇန်နဝါရီ ၂၂ရက်) နေ့လည် ၁၂နာရီခန့်ကစ၍ ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

” Y12နဲ့ ကြဲတာ အလုံး ၃၀ကျော်တယ်။ ဂျက်ဖိုက်တာနဲ့လည်း မြို့ရဲ့အနောက်ဘက်တွေကို ကြဲတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နောက်ထပ်လေယာဥ်ပျံသန်းမှုများရှိနေပြီး လေကြောင်းအန္တရာယ်သတိပြုကြရန် ချင်းကာကွယ်ရေးရဲဘော်အချို့က သတိပေးထားသည်။

ချင်းညီနောင်အဖွဲ့နှင့်မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာ ၉ရက်ကမှစ၍ ဖလမ်းမြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ရှိ အမှတ်(၂၆၈)ခြေလျင်တပ်ရင်း တစ်ခုသာကျန်တော့သည်။ အဆိုပါ ခလရ(၂၆၈)ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရပြီး အသေးစိတ်သတင်းမရရှိသေးပေ။

ထို့အပြင် မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ ဖလမ်းမြို့အဝင်လမ်းများဖြစ်သော ကလေးမြို့ – ဖလမ်း ၊ ဟားခါး − ဖလမ်းလမ်းပိုင်းတို့ကို ဇန်နဝါရီ ၇ရက်ကစ၍ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်သန်းခွင့် တားမြစ်ထားသည်။

ဖလမ်းမြို့အား လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှု မသိရှိရသေးပေ။ စစ်ကောင်စီသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ခါမ်းပါိတ်မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။နောင်ချိုမြို့အား တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။