Connect with us

Hi, what are you looking for?

သတင်း

KNUထိန်းချုပ်ထားသည့်ကျိုက်ဒုံမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ ဗုံးကြဲပစ်ခတ်မှုကြောင့် ယော့ကဒေါကျေးရွာ စာသင်ကျောင်း ထိမှန်ပျက်စီးနေသည်ကို ဇန်နဝါရီ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − KMU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၂၂ရက် နံနက်ပိုင်းတွင် KNU တပ်မဟာ(၆)နယ်မြေ ကျိုက်ဒုံမြို့ကို နေပြည်တော်လေတပ်မှ Yak-130 Jet Fighter ဖြင့် လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNUက အသိပေးသည်။

“KNUက ကျိုက်ဒုံရဲ့ စခန်းကို တိုက်ပြီး ကျိုက်ဒုံ တစ်ခုလုံးရဲ့မြို့ကို KNU/KNLAက ထိန်းချုပ်ထားတာ ဖြစ်တယ်။မနေ့မနက်က သူတို့က အကြောင်းမဲ့ လေယာဉ်နဲ့လာပစ်သွားတာ။ လုပ်ပြန်တော့လည်း ဘယ်သူမှ မထိခိုက်ဘဲ ဒေသခံ ပဲ ထိခိုက်သွားတာ။ တိုက်ပွဲပြီးတဲ့နောက်ပိုင်း ပြည်သူလူထုပဲရှိတော့တယ်။ ဧရိယာ အနေနဲ့ KNUထိန်းချုပ်နယ်မြေတော့ ဟုတ်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ရော်ဘာခြံ၌ ကျရောက်ပေါက်ကွဲ၍ ရော်ဘာခြစ်အပြီး ပြန်လာသော ကျိုက်ဒုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းဝပိုင်းတွင် နေထိုင်သော အသက် (၅၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု KNUက ထုတ်ပြန်သည်။

တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်လာသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို မသိရသော်လည်း ဒေသခံ ပြည်သူများ ကြောက်လန့်နေကြရသည်ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

“အဲဒီလိုမျိုး လာလုပ်လိုက်ခြင်းအားဖြင့် ကျိုက်ဒုံကရှိတဲ့ ပြည်သူလူထုက တအားစိတ်ထိခိုက်တာပေါ့။ တအားလည်း လုံခြုံမှုအရ ပိုပြီးတော့ အာရုံစိုက်ရတယ် ပိုပြီးတော့ ကြောက်စိတ်တွေများလာတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ရက် နံနက်အစောကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ယေ့ကဒေါရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ယော့ကဒေါကျေးရွာ စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့သော်လည်း ထိခိုက်သူမရှိဟု KNUက ထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် သော်လည်းကောင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့် သော်လည်းကောင်း ပြည်သူနေ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဗုံးကြဲပစ်ခတ်ပြီး လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှု ဆိုင်ရာများအား နေ့စဥ်နှင့်အမျှ ကျူးလွန်လျှက်ရှိကြောင်း KNU၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ ဗျူဟာစခန်းကို KNU ပူးပေါင်းတပ်က ၂၀၂၄ မတ်လတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ ဗျူဟာမှူးအပါအဝင် အရာရှိစစ်သည် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ်များနှင့် ကျည်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီသည် KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ရွာများရှိ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့၍ ပြည်သူသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

စစ်ကောင်စီသည် ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အား လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ ရှစ်ဦးထက်မနည်းသေဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။