Connect with us

Hi, what are you looking for?

သတင်း

အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ဖက်ဒရယ်အတွက်ပြည်သူ့တွဲလက်သပိတ်စစ်ကြောင်းနဲ့ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းတို့က ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook