Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံ KNU သတင်းရင်းမြစ်က ပြောသည်။

ဘီးလင်းမြို့နယ် တဂေးလောင်ကျောင်းတိုက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံ KNU သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၉ရက်က စစ်ကောင်စီသည် ဘီးလင်းမြို့နယ် တဂေးလောင်ကျောင်းတိုက်အတွင်း ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဓမ္မာရုံဘေး ကျရောက်ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်းအဆောက်အဦး လေးလုံးနှင့် သိမ်ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဒေသခံပြည်သူများ၏ နေအိမ် ၆လုံးပျက်စီးခဲ့ကြောင်းလည်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်သည် ဘီးလင်းမြို့နယ် မဲပလီစခန်းကို ဖေဖော်ဝါရီ ၁ရက် တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဘီးလင်းအပါအဝင် တပ်မဟာ(၁)နယ်မြေကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၇ရက် နံနက်အစောပိုင်းတွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဘီးလင်းမြို့နယ် နတ်ကြီးရွာ နှင့် အစူးချောင်းကျေးရွာသို့ လေကြောင်း တိုက်ခိုက်ခဲ့ရာ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုများ ရှိခဲ့သည်။

ယနေ့ တဂေးလောင်းရွာ(ထီးဆိဘောရွာ) လေကြောင်း တိုက်ခိုက်ခံရမှုကို KNUက ထုတ် ပြန်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် စေတီနှင့် သာသနာအဆောက်အအုံများ ထိခိုက်ပျက်စီးပြီး နေအိမ် ၁၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟုလည်း KNUက အသိပေးထားသည်။

ထို့ပြင် KNU တပ်မဟာ(၃) ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း ဒရုန်း တိုက်ခိုက်မှုများကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၃ရက်က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်ခဲ့ခြင်း၊ ဖေဖော်ဝါရီ ၅ရက်တွင် အဆိုပါ ပိန်းဇလုပ် အခြေစိုက် တပ်ကပင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အရပ်သား ပြည်သူ ထိခိုက်မှု နေအိမ်ပျက်စီးမှုများ ဖြစ်ခဲ့သည်ဟု အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် သထုံခရိုင် တပ်မဟာ(၁)နယ်မြေသို့ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်လာကြောင်း KNUက ထုတ်ပြန်ထားသည်။

(ဘီးလင်းမြို့နယ် တဂေးလောင်ကျောင်းတိုက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ – KNU)

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။