Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရာအချို့၌ ယနေ့(မတ်လ ၈ရက်)တွင် တိုက်ပွဲဖြစ်နေပြီး ရွာနှစ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သွားသည်။

၂၀၁၉ ခုနှစ်က မိတ္ထီလာလေတပ်မှ တက်လာသည့် စစ်တပ်တိုက်လေယာဉ်နှစ်စီး လေ့ကျင့်မှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - MOI

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် နေရာအချို့၌ ယနေ့(မတ်လ ၈ရက်)တွင် တိုက်ပွဲဖြစ်နေပြီး ရွာနှစ်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သွားသည်။

ထီးချိုင့်မြို့နယ် ပေါက်ကုန်းနှင့် ကွင်းကြီးရွာလမ်းဆုံကို ညနေ ၅နာရီ ၁၁မိနစ်နှင့် ၅နာရီ ၁၈မိနစ်၌ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်သည်။

“မိတ္ထီလာကတက်ပြီး လာပစ်တာ။ တိုက်ပွဲကဖြစ်နေတယ်။ စစ်ရေးက အများကြီးပြောမရဘူး”ဟု PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်မှစ၍ တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိသေးပေ။

တရုတ်အစိုးရ ရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ကာကွယ်ရေးတပ်များက သိမ်းယူခဲ့ပြီး မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ် ၂ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။

ယခုတကြိမ်လေကြောင်းမတိုက်ခိုက်မီ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက်က ထီးချိုင့်မြို့နယ် တုံလုံရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်။ ယနေ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ကာကွယ်ရေးတပ်များက သတင်းမထုတ်ပြန်သေးသော်လည်း ကာကွယ်ရေးတပ်များ ယခင်က သိမ်းယူထားသော စခန်းအချို့ကို ယခုရက်ပိုင်းတိုက်ပွဲအတွင်း ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook